Ep : 12

3K 227 91
                                    

Unicode

အရှိန်နှုန်းပုံမှန်နဲ့ Modelမြင့်ပြိုင်ကားအနီလေးက ကျောင်းဝနကြီးရဲ့ပါးကင်တွင်ထိုးရပ်သွားသည်။အခြားကားတွေနဲ့ကွဲပြားစွာ ကားနှစ်စီးစာနေရာယူလေ့ရှိတဲ့ထိုကားလေးက ယနေ့မှာတော့စည်းစနစ်ကျစွာပါကင်ထိုးလိုက်သည်။ကားမောင်းသူဟာ မောင်းနေကျခပ်ဆိုးဆိုးကောင်လေးမဟုတ်တာတော့ သေချာသော်လည်း ပိုင်ရှင်ကတော့ ပစ်ခတ်မလွဲတစ်ဦးတည်းသာ။များများစားစားမရှိနိုင်တဲ့ ထိုကားမျိုးကို စီးနိုင်တာ ဒီကျောင်းမှာ ဂျွန်ဂျောင်ကုအပြင်မည်သူရှိမည်နည်း။

ဒါဆို အခုမောင်းလာတဲ့သူကရော...?

ထူးဆန်းစွာ အုပ်စုလိုက်ဖွဲ့၍ တီးတိုးပြောကာဝေဖန်နေကြသည့်သူတွေမှာ မောင်းသူနေရာမှဆင်းလာသော သာမန်shoeအဖြူလေးနဲ့အတူ တစ်စောင်းအနေအထားမှာတောင် မျက်နှာအချိုးအစားဟာ ပြီးပြည့်စုံနေသည့်ထယ်ယောင်းကြောင့် အကုန်လုံးတစ်ဝိုးဝိုးပင်။

အခု ဂျွန်ဂျောင်ကုက ကျောင်းရဲ့ဂုဏ်ဆောင်နဲ့အတူ လာသည်တဲ့လေ။

ဘုန်း..!

"ကိုကိုလာလေ ! ဘာရပ်‌လုပ်နေတာလဲ ?"

ထယ်ယောင်းကားပေါ်ကဆင်းကတည်းက ဝိုင်းကြည့်နေကြတဲ့သူတွေရဲ့ စူးစမ်းမျက်ဝန်းတွေကို ခံနိုင်သော်လည်း ပူတူးအတွက် စိတ်ပူမိသည်။အဲ့ဒီမျက်ဝန်းတွေနဲ့အတူ တဖျပ်ဖျပ်လက်နေတဲ့ ကင်မရာတွေကြောင့် မလိုလားအပ်တဲ့ပြသနာတွေမလိုတွေ ရင်မဆိုင်ချင်ပါ။‌သူ့အတွက်ဆိုတာထက် ပျံ့သာသွားရင် ပူတူးနဲ့ ဝန်ကြီးချုပ်ကြားက ပြသနာတွေဖြစ်လာမှာမလိုချင်။ပူတူးအတွက် အထောက်အပံ့နဲ့ တံတိုင်းသာ သူဖြစ်စေချင်ပေမယ့် စူးညှောင့်တော့မဖြစ်စေလိုပါ။တိတ်တိတ်ပုံးလေးချစ်နေရရင်တင် သူ‌အတွက်က ပိုလွန်းနေပါပြီ။

"ဖြစ်ပါ့မလား ပူတူးရဲ့ ~ ပူတူးကို ဝိုင်းပြောကြလိမ့်မယ် ~ ပြီးတော့ ဝန်ကြီးချုပ် အွန့် !"

စိုးရိမ်နေတဲ့မျက်ဝန်းရှည်က ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်ရင်း ခပ်တိုးတိုးရေရွတ်သည်။သို့ပေမယ့် ဂျောင်ကုက ဆက်မကြားချင်တာမို့ ကိုကိုနှုတ်ခမ်းကို လက်သွယ်သွယ်လေးဖြင့် ဖျက်ခနဲလှမ်းအုပ်ကာ ဟန့်တားပစ်လိုက်သည်။

Love = Love ( Taekook ) ( Completed )Where stories live. Discover now