Ep : 8

2.7K 241 230
                                    

Unicode

ဘေးလွယ်အိတ်ကို သိုင်းလွယ်လို့ လက်တစ်ဖက်တွင်ချိုင့်လေးတစ်ချိုင့်အားဆွဲကိုင်ထားတဲ့သူသည် သူဌေးရပ်ကွက်ရှိ ခြံကြီးရှေ့တွင် ခြေစုံရပ်လိုက်သည်။ခြံဂိတ်ဝကနေလှမ်းမြင်နေရသည့် အဖြူရောင်သုံးထပ်တိုက်ကြီးအား တစ်ချက်ကြည့်မိတော့ အလိုလိုသက်ပြင်းချမိသည်။ဒီလို အိမ်ကြီးအိမ်ကောင်းကြီးကို လာလို့ရောသင့်သည်တဲ့လား။သို့သော် လာခဲ့ပြီးပြီမို့ နောက်ပြန်မလှည့်ချင်ပေ။

ထယ်ယောင်းဟာ သတ္တိကြောင်တဲ့သူမှမဟုတ်တာ !

ချာတိတ်အိမ်ကိုလာပြီးတဲ့နောက်နေ့ကစလို့ trainingမလာတာမို့ အတန်းသွားကြည့်ပြန်တော့မတွေ့။တစ်ရက်မဟုတ်ဘဲ သုံး‌ရက်လောက်ဆက်တိုက်ဖြစ်လာတော့ ထယ်ယောင်းစိတ်ပူလာသည်။မတတ်နိုင်တဲ့အဆုံး ချာတိတ်တို့ Civil 1st yearအတန်းမှူးအထိကိုယ်တိုင်သွားမေးမှ သေချာတော့သည်။ကိုယ်တိုင်က ချာတိတ်ကိုမတွေ့ရရင်မနေနိုင်တော့တာကြောင့်ရော စိတ်ပူတာကြောင့်ပါပေါင်းပြီး အခုတော့ ချာတိတ်အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီလေ။

ဝန်ကြီးချုပ်နေအိမ်ရာမို့ထင်ပါရဲ့ ခြံဝမှတင် လုံခြုံရေးကအပြည့်ဖြစ်နေသည်။နိုင်ငံခြားသားများကဲ့သို့ ဖွံ့ဖွံ့ထွားထွားကိုယ်ထည်တွေက တွေ့တာနဲ့တင် ပြန်ပြေးချင်စရာပဲ။မျက်နှာကြီးတွေလည်း တည်လွန်းနေတော့ တော်တော်ရှိန်သည်။ထယ်ယောင်းကို အကဲခတ်နေတာများ ခြေဆုံးခေါင်းဆုံးဖြစ်သည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ ?"

"ဂျွန်ဂျောင်ကုဆီလာတာပါ ~ နေမကောင်းဘူးဆိုလို့ ~"

တစ်ဖက်ကမေးလာတော့ ထယ်ယောင်းလည်း ပြေပြေပြစ်ပြစ်သာဖြေလိုက်သည်။သို့ပေမယ့် ထိုသူတွေက ယုံပုံမပေါ်ပါ။

"သခင်လေးမှာ သခင်လေးမင်ယွန်းဂိကလွဲပြီး အသိမရှိဘူး ! ကောင်းကောင်းပြောတုန်း ပြန်လိုက် !"

"ဒါလေး‌တော့ပေးပေးလို့ရမလား ? "

ပြတ်ပြတ်သားသားတစ်လုံးချင်းထွက်ကျလာသည့် စကားဆုံးတော့ ရင်ဘက်ထဲဆစ်ခနဲတော့ဖြစ်သွားသည်။ထင်ပါတယ်။သူ့လို ခပ်နွမ်းနွမ်းပုံကို ဘယ်သူကယုံပါ့မလဲ။ဝန်ကြီးချုပ်အိမ်ဆိုတော့ ပိုဆိုးတာပေါ့လေ။

Love = Love ( Taekook ) ( Completed )Where stories live. Discover now