Final - 1

2.3K 181 35
                                    

Unicode

ချယ်ရီတို့လှိုင်လှိုင်ပွင့်သည်ဂျပန်နိုင်ငံရဲ့အကောင်းဆုံးအထူးကုဆေးရုံကြီးတွင်ဖြစ်သည်။ကိုရီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့သားဆိုတဲ့အရှိန်အဝါကြောင့် ထိုဆေးရုံကြီးတွင်အခွင့်ထူးခံပင်။ဆေးရုအုပ်ကြီးကိုယ်တိုင် ဆင်းလို့နှုတ်ဆက်ရသည်အထိဆိုလည်းမမှား။

ဆေးရုံရဲ့အထူးခန်းဆိုသည့် facilitiesအပြည့်စုံပေးထားတဲ့အခန်းကျယ်ဟာ ထယ်ယောင်းအတွက်တော့ အထူးအဆန်းဖြစ်လို့နေသည်။ပူတူးက ဝန်ကြီးချုပ်ဆီကိုပူဆာပြီး သူ့အားဂျပန်သို့ခေါ်ခဲ့တာဖြစ်သည်။အခုတော့ ထိုဆေးရုံရဲ့ကုတင်ထက် လှဲနေရတော့သည်။စိတ်ပူတတ်တဲ့သူက သူ့ရဲ့တစ်ကိုယ်လုံးအား အစအဆုံးစစ်ဆေးပြန်စေတာမို့ အခုထိကုသမှုက မခံယူရသေးပေ။မိဘတွေက မပါဘဲ နှစ်ယောက်တည်းအတူလာသည့်အပြင် ပူတူးကပဲ သူ့ရဲ့ဝေယျာဝိစ္စအဝဝကို အစအဆုံးလုပ်ပေးနေတော့ မျက်နှာလေးလည်းချောင်ကျသွားသည်။သူကတော့ ဘာမှမလုပ်ရ၊ အားရှိအောင်ဆိုပြီး ပူတူးကျွေးသမျှစားတာနဲ့တင် ဝိတ်တွေတက်လာလေပြီ။

အခုလည်း သူစားဖို့ဆိုပြီး အဆင်သင့်မှာလို့ရပါရက်နဲ့ ကိုယ်တိုင်ပန်းသီးကိုခွာနေလေသည်။ကျွမ်းကျင်မှာမဟုတ်ဘူးလို့ထင်ရပေမယ့် အိမ်ရှင်ထီးလေးလိုအကုန်တတ်နေတော့ အံ့ဩရသေး။ကုတင်ကြီးထက် ထိုင်ရင်းကနေ ပန်းသီးခွာနေတဲ့ ‌ပူတူးအား ကြည့်လို့ပြုံးနေရင်းမှ ရုတ်တရက်ဆိုသလို မျက်ဝန်းတို့ပြူးကျယ်စေသည်က စားပွဲထက်ထိုးစိုက်လိုက်သည့် အသီးလှီးဓားကြောင့်ပင်။

"မကျေနပ်ဘူးဗျာ ! အဲ့မိန်းမကြီးနဲ့ သွားရှင်းမယ် !"

ကိုကို့အတွက် ပန်းသီးစိတ်ပေးနေရင်းမှ ကျန်နေသေးတဲ့ဒေါသအထုကြောင့် လုပ်မိလုပ်ရာလုပ်ရင်း ထပြောလိုက်တာဖြစ်သည်။

"ပူတူးပြောတော့ ကိုကို့စကားနားထောင်မယ်ဆို ~ ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလားဟင် ?"

"ဟ ! ဒါလေးတဲ့လား ? အဲ့မိန်းမကြီးက ကိုကို့အပေါ် ဘယ်လိုလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား ? သူ့ကြောင့် ဘယ်လောက်ပြသနာတွေဖြစ်ခဲ့ရလဲ ဟမ် ! ဒါကို ဒီတိုင်းငြိမ်နေရမှာလား ?"

Love = Love ( Taekook ) ( Completed )Where stories live. Discover now