Ep : 15

1.8K 173 68
                                    

Unicode

ဇွန်းခရင်းသံသဲ့သဲ့သာကြားရသော ညစာထမင်းဝိုင်းကျယ်တစ်ခု။မျိုးစုံသောဟင်းလျာတွေက နာမည်ကြီးလှပါသော စားဖိုမှူးတွေရဲ့လက်ရာဖြစ်သော်ညား အရာသိပ်မယွင်းပေ။

ချွင် !

အပ်ကျသံပင် ကြားရသော ထိုတိတ်ဆိတ်တဲ့ထမင်းဝိုင်းအား ကြွေစားပွဲကြီးပေါ်ချလိုက်သည့် တူသံကြောင့် ပါဝင်သူတွေရဲ့ မျက်ဝန်းတွေက ပြုလုပ်သူထံဦးတည်နေသည်။

"စေ့စပ်ပွဲကို လက်ခံတယ် ! မြန်လေ ကောင်းလေပဲ !"

အစအဆုံးမရှိဟုထင်ရပေမယ့် ပြသနာတွေဖြစ်ပျက်ပြီး သုံးရက်အကြာမှာပင် မိခင်ဆိုသူရဲ့တိုက်တွန်းမှုကို လူသိရှင်ကြားအဖြေပြန်ပေးလိုက်မှန်းသိကြသည်။

မိခင်ဆိုသူကတော့ ပြုံးရွှင်လဲ့သွားတဲ့မျက်နှာကိုဟန်ပင်မဆောင်နိုင်သည်အထိဆိုပေမယ့် စားပွဲဝိုင်းထိပ်ဆုံးရှိဒယ်ဒီနဲ့ ဧည့်သည်ဆိုတဲ့ မိခင်ခေါ်လာတဲ့မိန်းကလေးကတော့ သူ့အားနားမလည်သလိုကြည့်သည်။

နှစ်ဦးလုံးက ဂျောင်ကုဟာ ရည်းစားရှိမှန်းသိနေတော့ ရုတ်တရက်လက်ခံလိုက်တဲ့အပေါ် အံ့ဩနေကြမှာပေါ့။ဂျောင်ကုအတွက်တော့ ဝန်ကြီးချုပ်သားရဲ့ စေ့စပ်ပွဲကို တစ်ကမ္ဘာလုံးသိစေချင်တာ။ထိုလူအပါပေါ့ !

"ပြီးတော့ UKကို ကျောင်းပြောင်းဖို့ပြင်ပေး!"

"သားငယ်လေး စိတ်တိုင်းကျဖြစ်စေရမယ် ~ "

ဂျောင်ကုက သူရဲ့လိုရင်းကိုသာ အေးစက်စက်ပြောသည်။အကြည့်တို့အား နေရာမရွင်းသလို ငြိမ်သက်နေမှုဟာ ရေသေပမာပင်။

"သားငယ် ~ ဆုံးဖြတ်ချက်က သေချာပြီလား ?"

"ကျွန်တော် စကားကို နှစ်ခါမပြောတတ်ဘူး ဒယ်ဒီ ~"

"ဒယ်ဒီကတော့ သားငယ်စိတ်တိုင်းကျလုပ်တာကို ဘာမှပြောမှာမဟုတ်ပေမယ့် တစ်ခုပဲ သိစေချင်တယ် ~ နောင်တဆိုတာ နောင်မှရတာ သားငယ် ~"

"နောင်တ ! ‌တွေ့ခဲ့ရလို့ နောင်တသိပ်ရတာပေါ့ !"

ဆိုလိုရင်းဟာ နာနာကျည်းကျည်းပြောတဲ့ ဂျောင်ကုသာ သိသည်။ပြောပြီးတာနဲ့ ချက်ချင်းထိုနေရာကထလိုက်တော့ နားထဲတိုးဝင်လာသည့် အသံချိုချိုတစ်ခု...

Love = Love ( Taekook ) ( Completed )Where stories live. Discover now