Ep : 7

2.7K 260 173
                                    

Unicode

မိုးရေစက်လေးတွေကို နှစ်သက်သော်လည်း စိုစိစိခံစားချက်ကြီးကို တကယ်မကြိုက်ပေ။‌ကောင်းကင်ကနေတစ်စက်ချင်းကျဆင်းလာသည့် မိုးဖွဲလေးတွေကို ငေးကြည့်ဖို့ပဲ ဆန္ဒရှိတာ ကိုယ်ပေါ်သို့ ကျစေဖို့မဟုတ်။ဘယ်သူထင်မှာလဲ ကိုရီးယားနိုင်ငံဝန်ကြီးချုပ်ရဲ့တစ်ဦးတည်းသောသားက မိုးထဲမှာ ထီးတစ်ချောင်းကို နှစ်ယောက်မလုံ့တလုံ့ဆောင်းပြီး လျှောက်နေရမယ်လို့လေ။တစ်သက်နဲ့တစ်ကိုယ် မကြုံခဲ့ဖူးသည့်အရာက အခုဒီနေရာတကာပါတဲ့ကင်မ်ထယ်ယောင်းဆိုတဲ့မေတ္တာရှင်ကြီးကြောင့် ဒုက္ခခံနေရပြီ။

ဟွန့် ! ကောင်းကျိုးကိုမပေးဘူး !

ဂျောင်ကုနဲ့ကင်မ်ထယ်ယောင်းတို့ ကျောင်းကအပြန်မိုးမိသွားတာဖြစ်သည်။busကားမှတ်တိုင်းမရောင်ခင် မိုးက သည်းကြီးမည်းကြီးရွာချလာတာမို့ ထီးတစ်ချောင်းနဲ့ သူတို့နှစ်ယောက်အတွက်မလုံပါ။ထို့ပြင် မိုးနဲ့အတူလေပါ ပါလာတော့ပိုစိုကုန်သည်။တကယ်တော့ ဂျောင်ကုစိုတာက နည်းနည်းသာ။ကင်မ်ထယ်ယောင်းကြီးကမှ ပိုစိုတာဖြစ်သည်။သို့ပေမယ့် ဂျောင်ကုကျေးဇူးမတင်ပါ။အစကတည်းက အိမ်ကိုစောစောပြန်ရရင် ခုလိုမိုးမိမှာမဟုတ်သလို အရူးလိုမိုးရေထဲ ခြေပြတ်မတက်လျှောက်နေရမှာလည်းမဟုတ်။တစ်ခါမှလည်း ခုလောက်ကြာကြာမလျှောက်ဖူးတဲ့အပြင် trainingစဆင်းသည့်နေ့လည်းဖြစ်တာမို့ ခြေထောက်ကြွက်သားတွေနာလာပြီး ခြေမခိုင်တော့။

"ချာတိတ် ~ လာ ဒီထဲခဏဝင်ရအောင် ~"

လေရောမိုးရောကြောင့် ပုံမှန်ထက်အအေးထက်ပိုကဲနေတာမို့ ချာတိတ်ခမြာ အားကစားဝတ်စုံပါးပါးလေးနဲ့ဆိုတော့ ကိုယ်ငယ်လေးကတုန်နေသည်။ရေသီးလေးတွေ စင်နေတဲ့မျက်နှာနုနုလေးကလည်း အနည်းငယ်ပျက်ယွင်းနေသလို နှုတ်ခမ်းလေးပါ တစ်စက်စက်တုန်နေသည်။
ကျောပိုးအိတ်အမဲလေးကို ရင်ခွင်ထဲထည့်ပိုက်ထားတဲ့ ချာတိတ်က တကယ်မဟန်တော့တဲ့ပုံပင်။ထယ်ယောင်းအဖို့ ကြုံနေကျဆိုပေမယ့် ချာတိတ်လိုသူဌေးသားနုနုထွတ်ထွတ်လေးက ဒီလိုဘယ်ကြုံးဖူးပါ့မလဲလေ။

စိတ်ထဲမကောင်းမိသလို ဒီတိုင်းမိုးရေထဲဆက်သွားနေရင် ချာတိတ်လဲတော့မှာသိနေတာမို့ အရင်ဆုံးမိုးခိုရန်သာ တွေးလိုက်မိသည်။ရေကန်အသင့် ကြာအသင့်လို့ဆိုရမလား ကံကောင်းချင်တော့ ထယ်ယောင်းရဲ့ဘယ်ဘက်ခြမ်းတွင် ၂၄နာရီမီနီမက်လေးရှိနေသည်။ဘာမှတွေးမနေတော့ဘဲ ချာတိတ်လက်ကလေးအား ဆွဲကိုင်ကာထိုအထဲသာဝင်လာခဲ့လိုက်သည်။

Love = Love ( Taekook ) ( Completed )Where stories live. Discover now