Final -2

3.3K 213 57
                                    

Unicode

"ဟင့်အင်း ! မကွာရှင်းပေးနိုင်ဘူး ! "

ခါးခါးသီးသီးငြင်းဆိုသံက တုံ့ဆိုင်းခြင်းမရှိနားစည်ထဲတိုးဝင်သည်။တကယ်ဆို ထိုကွာရှင်းမည့်ကိစ္စအား သူမအားအသိပေးဖို့လာတာဖြစ်သည်။အိမ်တော်တွင်မဟုတ်ပါဘဲ သူမ နေတတ်သည့် ကွန်ဒိုတွင်သာဖြစ်သည်။နှစ်ဦးတည်းသာ ရှိသောဧည့်ခန်းကျယ်ထဲတွင် ထိုင်နေသူမရှိ။မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေရင်း အကြည့်စူးစူးတို့ဖြင့်သာ တိုက်ခိုက်နေကြရာမှ စတင်သည်။ထိုအခါ လီမိုအာတို့ကထင်ထားတဲ့အတိုင်းအတ္တတွေရှေ့တန်းတင်နေဆဲပင်။ဝန်ကြီးချုပ်ဂျွန်မင်ယောင်းကတော့ တည်တင်းနေဆဲမျက်နှာကို ဖြေလျော့ကာ နဖူးအား လက်ဖြင့်သပ်လိုက်ပြီး...

"ငါအရမ်းပင်ပန်းနေပြီ လီမိုအာ~"

"အခုထိနေလာခဲ့ပြီး ဘာလို့စိတ်ကူးပြောင်းသွားရတာလဲ ? အဟွန်း ! ရှင့်အကြောင်း အကုန်သိစေချင်လို့ ကျွန်မကိုစိန်ခေါ်နေတာလား ?"

ခနဲ့စွာ လှောင်ပြုံးဖြင့် ပြန်တုံ့ပြန်လိုက်တဲ့သူမက ရင်ထဲတွင်တော့ အပူမီးဟာ ချော်ရည်ပမာ တမြေ့မြေ့လှိုက်စားနေသည်။ကျစ်နေအောင်ဆုပ်ထားသည့် လက်သီးဆုပ်ကြောင့် သွေးကြောစိမ်းတို့ ပေါက်လုမတက်။

မျိုးရိုးစဉ်ဆက်ချမ်းသာလာကာ တစ်ဦးတည်းသောလီမျိုးဆက်ဖြစ်သည့် လီမိုအာဆိုတဲ့သူမက ထိပ်ဆုံးမှာပဲနေခဲ့တာ။ဘယ်တော့မှ ဒုတိယဆိုတဲ့နေရာအား ရောက်စရာမရှိ။ဝန်ကြီးချုပ်ကတော်ဖြစ်တဲ့သူမရဲ့ ဂုဏ်သိက္ခာကို နှစ်ရှည်များစွာ ထိန်းသိမ်းထားတာ ချစ်လွန်းလို့လည်းမဟုတ်သလို စည်းစိမ်တွေကြောင့်လည်း မဟုတ်ပေ။အနည်းအများတော့ပါပေမယ့် သူမရဲ့မာန်ကို မလျှော့နိုင်လို့ဖြစ်သည်။

လက်ရှိဝန်ကြီးကိုလည်း ကွာမပေးနိုင်သလို ချစ်ဦးသူနဲ့လည်း မဝေးနိုင်တဲ့သူမက သိပ်အတ္တကြီးတယ်ဆိုလည်း အဲ့အတ္တက သူမအတွက် ကိုးကွယ်ရာမို့ ဘယ်တော့မှ ကွာရှင်းပေးမည်မဟုတ်။မရရတဲ့နည်းနဲ့ ဆွဲထားမှာ။

"မင်း ကြိုက်သလိုလုပ် ငါဂရုမစိုက်တော့ဘူး ! အေး ငါ့သားကို ထိခိုက်အောင်လုပ်ခဲ့ကို ဒီတိုင်းသည်းမခံနိုင်ဘူး ! မင်းဘယ်လို ရုပ်ညံ့တဲ့လုပ်ရပ်ကို လုပ်ထားလဲဆိုတာ မင်းသိ !"

Love = Love ( Taekook ) ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ