Ep : 14

1.8K 174 77
                                    

Unicode

သူရိန်မင်းသည် အနောက်ဂေါ်ယာကျွန်းသို့ တဖြည်းဖြည်းခရီးနှင်လေတော့ ကောင်းကင်တစ်ခွင်ဟာ ဆွေးဆွေးနီနေတော့သည်။ငှက်ငယ်တို့ အိပ်တန်းတက်ချိန်မို့ ပုံစံမျိုးစုံဖော်က နေရပ်သို့ ပျံနေပုံကလည်း ထက်ကောင်းကင်ယံကို ဆေးပန်းချီချယ်နေသေးသည်။

နွေးဦးစမို့ ရွှေဝါရောင်ရော်ရွက်တို့ကလည်း ကူကယ်ရာမဲ့စွာ မြက်ခင်းစိမ်းတို့ထက် ခစားသည်။ရွက်သစ်နုတို့ ပွင့်ဝေဖို့ ဘေးဖယ်ခြင်းဖြင့် အဆုံးသတ်သည်။သိမ့်သိမ့်ကလေး လှုပ်ခက်နေသည့် ရွက်စိမ်းသစ်တို့ကြား အသက်ရှုသံပြင်းပြင်းနှစ်ခုကလည်း ရောယှက်လျက်ထွက်လာသည်။

ထို့အတူ ခပ်ဆာဆာအသံလေးကလည်း တစ်ချက်တစ်ချက် မကျေနပ်စွာ တိုးဝင်လာသေးသည်။

"ရားး ကင်မ်ထယ်ယောင်းကြီး ! ပြောတော့ ပျော်စရာဒိတ်ဆို ! ခု ဒီမှာ အသက်ထွက်တော့မယ် !"

"ရောက်တော့မှာပါ ပူတူးရဲ့ ~ ခဏလေးပဲ သည်းခံ ~"

လက်ချင်းယှက်လို့ ရှေ့ကဦးဆောင်နေသူရဲ့ကျောပြင်ကျယ်ဟာ ချွေးများစိုစွတ်နေသည့်တိုင် မရပ်မနားတရွေ့ရွေ့လှမ်းနေသည်။ညည်းညူခြင်းအလျင်းမရှိပါဘဲ ဇွဲကြီးစွာပင်။သို့သော်ငြား နောက်မှ ကပ်ပါလာသည့် အနက်ရောင်လေးသည်တော့ နှုတ်ခမ်းလေးဆူလို့လာသည်။

ပျော်စရာဒိတ်ဆိုလို့ ဂျောင်ကု ဟူဒီအနက်လေးကိုရွေးလိုက်တာ အခုတော့မှားနေလေပြီ။ညနေစောင်းမှာ အခုလို တောင်တက်ရမယ်လို့ ဘယ်သူကထင်မှာလဲ။အခု ကင်မ်ထယ်ယောင်းကြီးကြောင့် မလုပ်ဖူးတာတွေလုပ်နေရသည်။ချွေးတွေက အပူရှိန်ကြောင့် တစ်ကိုယ်လုံး ကပ်‌စေးနေသည်။ခြေထောက်တွေလည်း မီးမြိုက်ထားသလိုပူပြီး နာလာတော့ ဂျောင်ကုအသံမှာ ရှိုက်သံရောချင်လာသည်။

"မခံနိုင်တော့ဘူး ~ ဟင့် ! ခြေထောက်တွေ အရမ်းနာနေပြီ ~ "

"ဒါဆို ခဏနားရအောင် ~"

မချမ်းသာ‌တာမို့ ဆိုင်ကြီးကြီးတွေမှာ အတူမထိုင်နိုင်ပေမယ့် ပူတူးကို ‌အကောင်းဆုံးတွေသာပေးချင်တာ ထယ်ယောင်းရဲ့ စေတနာပင်။အခုလည်း ထိုနေရာကိုရောက်ရင် ပူတူးကြိုက်မယ်ဆိုတာ သိ
သည်။အဲ့စိတ်နဲ့အတူ ကိုယ့်လိုခံနိုင်ရည်ရှိတာကိုပဲတွေးမိပြီး သူဌေးသားလေးဆိုတာ မေ့လျော့နေခဲ့သည်။

Love = Love ( Taekook ) ( Completed )Where stories live. Discover now