Description

4.6K 412 34
                                    

လုရင်ကျုံတွင် ငယ်ငယ်ကတည်းနှင့် ထူးခြားသည့် ကိုယ်ခန္ဓာရှိကာ ကံဆိုးမှုအား ခါးစည်းခံခဲ့ရ၏။ပယောဂဆရာကြီးတစ်ယောက်၏ ညွှန်ကြားမှုအောက်တွင် လုရင်ကျုံတစ်ယောက် တစ္ဆေတစ်ကောင်အား လက်ထပ်လိုက်ရတော့သည်။

ထိုဆရာကြီး၏ မူလစကားများ :
" ငါမင့်ကိုတစ္ဆေမချောချောလေးရှာပေးမယ်"

ထိုဆရာကြီးက လူလိမ်တစ်ယောက်ဖြစ်မည်ဟု သူမထင်ထားခဲ့သည့်အပြင် သူ့ခမျာ အကြောင်းအရာ တစ်စေ့တစ်စောင်းလေးတောင် မသိရသည့် ဆန်းကြယ်သည့် တစ္ဆေကြီးအား ယူမိခဲ့လေ၏။

လက်ထပ်ပွဲ အခမ်းအနား ပြီးမြောက်သွားချိန်တွင် လေအေးများ တိုက်ခတ်လာခဲ့သည်။ဆရာကြီးသည် လေဝှေ့သည်နှင့် ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ကာ ကြောက်ရွံ့စွာ တံတွေးမျိုလျက် အကြောင်းအရာများအား ထပ်မပြောလေတော့

သို့သော် ထိုကတည်းနှင့် လုရင်ကျုံမှာ ထပ်မံ၍ ကံဆိုးခြင်းမရှိတော့ ၊ လက်ထပ်လိုက်သည့် အကြောင်းအရာကိုလည်း တစ်ဖြည်းဖြည်းမေ့သွားခဲ့၏။

ထိုပယောဂဆရာကြီးနှင့် ပွဲပြီး၍ ဘဝအသစ်စသည့်အချိန်တွင်တော့ သူ့အနားတွင် ထူးဆန်းသည့်အရာများ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့သည်။

ဥပမာအနေနှင့် အိမ်၌ ပစ္စည်းတစ်ခုခု ပျက်စီးကျိုးပဲ့သွားပါက နောက်တစ်နေ့မနက် တံခါးပေါက်ဝ၌ အသစ်စက်စက် ပစ္စည်းများအား သူတွေ့ရမည်။

နောက်ဥပမာ အနေနှင့် သူ့ဆိုင်သို့ အမြဲလိုလို စိတ်ဒုက္ခပေးသည့် ဝယ်သူလာသည် ဆိုပါစို့။

နောက်တစ်နေ့မနက် တံခါးဖွင့်လိုက်လျှင် သူ့အား ထိုစိတ်ကျဉ်းကိုယ်ကြပ် ဖြစ်စေခဲ့သူသည် ဦးကျိုးခါးညွှတ်လျက် ကျယ်လောင်စွာပြောလိမ့်မည်။
"ခွင့်လွှတ်ပေးပါ! ငါနောက်ကို ဘယ်တော့မှ အဲ့လိုထပ်မလုပ်တော့ပါဘူး!"

လုရင်ကျုံ : .......?

နောက်တွင်တော့ တံခါးအပြင်ဘက်ရှိ မီးသီးလုံးသည် မကြာခဏဆိုသလို လင်းတစ်ချက် မှိတ်တစ်ချက် ဖြစ်လာ၏။သေချာပေါက် တ ‌ေစ္ဆတစ်ကောင်က လက်ကမြင်းနေတာ

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now