Chapter 10 Meet Again

436 98 2
                                    


Meet Again

နှစ်ရက်ပင် မကုန်သေး အစီရင်ခံစာများလည်း အကုန် တင်ပြီးသွားကြလေပြီ။

တစ္ဆေ ပယောဂနှင့် သေသွားရသည့် လူများကဲ့သို့ပင် အိမ်ခြေယာမဲ့တို့၏ အမှုကတော့ အက်စီးဒန့် တစ်ခုအနေနှင့် သတ်မှတ်လိုက်ကြသည်။ပယောဂဆရာတို့သည်လည်း ထိုအိမ်ခြေယာမဲ့များ နေထိုင်ခဲ့ရာ နေရာတစ်ဝိုက် စေ့စေ့စပ်စပ် ရှာဖွေကြသေးရာ ကျိချိုင်၏ ယင်အငွေ့အသက်က ခပ်တိမ်တိမ် ကျန်နေသေးကြောင်း တွေ့လိုက်ရသည်။

ပထမဆုံးသော နစ်နာသူက လွိချိန်လမ်းမပေါ်၌ ပျောက်ဆုံးသွားခြင်းဖြစ်လေရာ ယခုအမှုကို လွိချိန်သဘာဝလွန်လူသတ်မှုဟုသာ သတ်မှတ်၍ အထူးဌာန၏ လုပ်ဆောင်မှုများထဲ၌ ထည့်သွင်းထားလိုက်ကြလေတော့သည်။

နှစ်ရက်မျှ ကျော်လွန်ပြီးသော် လုရင်ကျုံသည် တောင်ကိုးတောင်၏ အထူးဌာနသို့ သွားရောက်ခဲ့သည်။

ရှောင်လီက ‌ရှာတွေ့ချိန် လုရင်ကျုံသည် အစည်းဝေးခန်း၏ ပြတင်းပေါက်ဘက်၌ ထိုင်၍ မြို့လည်ခေါင်ကို မျှော်ကြည့်နေ၏။

ဒီတလော ရာသီဥတုက‌လည်း တောက်လျှောက်ကောင်းနေပြီး ၊ လုရင်ကျုံကလည်း ဖြူဆွတ်ဆွတ် ရှပ်အင်္ကျီ ဝတ်ထားလေရာ ကောင်းကင်ပြာ၌ အဖြူရောက်ဆွတ်ဆွတ်က သိသိသာသာ ကွဲထွက်လို့နေသည်။

အစည်း‌ဝေးခန်းကို မည်သူမှ အသုံးမပြုသေးသည် ဖြစ်ရာ ထွက်ချင်သည့်သူထွက် ဝင်ချင်သည့်သူ ဝင်လို့ရသည်။

စားပွဲပေါ်တွင်တော့ မန္တန်စက္ကူများ ပျံ့နှံ့နေလျက်။စက္ကူပေါ်၌ ရေးဆွဲထားသည့် အင်းကွက်များကိုတော့ ရှောင်လီဖြင့် တစ်သက်မှ တစ်ခါတောင် မမြင်ဖူးပေ။အသေးစိပ်လွန်းကာ ရှုတ်ထွေးလို့နေ၏။

__ __လုရင်ကျုံက သူ့နားကပ်နေသည့် တစ္ဆေ ကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။သို့သော် နှစ်ရက်က ကုန်လွန်သွားလေပြီ ၊မအောင်မြင်သေး ၊ယင်အငွေ့အသက်လေး နည်းနည်းလေးမျှကိုတောင် မဖမ်းဆုပ်နိုင် ရှိလေသည်။

ရှောင်လီသည် ဤမြင်ကွင်းမျိုးကို အရင်က ကျောင်းဆောင်၌ မြင်ဖူးနေကြဖြစ်သည်။သူသည် နှစ်စက္ကန့်မျှ တွေဝေနေပြီးနောက် တံခါးကို ခပ်သာသာလေး ခေါက်လိုက်၏။
"လုကော ၊အစီရင်ခံစာက တစ်နာရီ နှစ်နာရီလောက် စောင့်ရဦးမှာ ၊ထမင်းအရင်စားပြီးမှ ဆွေးနွေးကြရအောင်လေ။ဒီနေရာကို delivery တွေကလည်း တက်လာလို့မရတော့ ကျွန်တော်တို့ ခေါက်ဆွဲပြုတ်နဲ့ သရေစာလောက်ပဲ ရှာစားလို့ရလောက်မှာ"

After Marrying the Lord of the Underworld [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon