Chapter 13 မိုချာလက်တေး

387 93 14
                                    


မိုချာလက်တေး

နှစ်ယောက်သား ကားပေါ်တက်ပြီးနောက် ကျင့်ရှန်က ပြောလာသည်။
"ကိုယ်ကရှုခင်းတွေစိတ်မဝင်စားဘူး , နီးနီးနားနား အနားယူလို့ရတဲ့နေရာပဲသွားကြမလား?"

"ရတယ်လေ , မင်းပဲရွေးလိုက် , ငါဖုန်းဆက်လိုက်ဦးမယ်"
လုရင်ကျုံသည် သက်တောင့်သက်သာနှင့် ထိုင်ခုံအားမှီ၍ ဖုန်းထုတ်လိုက်သည်။ Contact ထဲမဝင်ပါပဲ မှတ်ဉာဏ်ထဲကအတိုင်း နံပါတ်တစ်သီတစ်တန်းကြီးကို ရိုက်ချလိုက်လေ၏။

တူ__ __တူ__ __

တူ__ __တူ__ __

အသံအတော်ကြာမြည်ပြီးနောက် ရှင်းလင်းပြတ်သားသည့် အမျိုးသမီးအသံက ပြန်ဖြေလာခဲ့သည်။
"ဟယ်လို?"

"ကျွန်တော်ပါ"
လုရင်ကျုံကဆိုသည်။
"ကျွန်တော့်ကို နာမည်တစ်ခု ကူရှာပေးဦး ,ရှန့်တုံးဘားထဲက ရှောင်ရန်ဆိုတဲ့ ဝိတ်တာလေး"

"အယ် ရှောင်လု , မင်းဟာလေ တကယ်ကို မလိုအပ်ရင် ရတနာသုံးဆူ(ဘုရားကျောင်းဆောင်)အရိပ်တောင် မနင်းဘူးနော် , အကြိမ်တိုင်း ကိစ္စရှိမှ ငါ့ကိုဆက်သွယ်လာတာချည်းပဲ , ဝမ်းနည်းလိုက်တာ~~"

လုရင်ကျုံပဲ အထင်မှားမိတာတာလားမသိ , ကျင့်ရှန်က သူ့ဘက်နည်းနည်း စောင်းလာသလို။ဤမိန်းကလေးအသံကို စိတ်ဝင်စားနေသည့်အလား။

လုရင်ကျုံကပြန်ဖြေလိုက်သည်။
"အရင်တစ်ခေါက် ညစာကျွေးပြီးပြီ မဟုတ်ဘူးလား?မဟုတ်လည်း ဒီနေ့ထွက်ခဲ့မလား?"

"မင်းဘယ်မှာရောက်နေတာလဲ?"

"ပိုင်ဖုန်းရပ်ကွက်မှာပဲ , သူငယ်ချင်းနဲ့"

"ကောင်းပြီလေ , ခဏနေကျ ငါ့ကိုလိပ်စာပို့ထားလိုက် , မတွေ့ရင်မပြန်ဘူးနော်"
ထိုမိန်းကလေးက ငွေဆည်းလည်းသံလေးစဖွယ် ရီမောလိုက်၏။
"ငါအခုပဲ မင့်ရဲ့အဲ့ဒီ အရက်ဘားနဲ့ ရှောင်ရန်ကိုရှာဖို့ ခိုလွှတ်လိုက်မယ်"

လုရင်ကျုံဖုန်းချလိုက်သည်။

ကျင့်ရှန် : "သူငယ်ချင်းလား?"

"ဟုတ်တယ်"
လုရင်ကျုံလည်း များများစားစား မရှင်းပြတော့ပဲ လမ်းကြောင်းကိုသာကြည့်လိုက်တော့သည်။နေရာက 'ရှိန်းယွမ် ကော်ဖီဆိုင်'ပင်။

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now