Chapter 8 စွဲလန်းဥစ္စာ

454 93 2
                                    


စွဲလန်းဥစ္စာ

နောက်တစ်နေ့မနက်တွင်

ခေါင်းအုံးဘေးမှ ဖုန်းက သေလောက်အောင် မြည်နေသည်ကြောင့် ရယ့်ဖုန်းမှာ အိပ်စုန်မှုန်ဖွားနှင့် ယူကြည့်လိုက်ပြီးနောက် တစ်ချက်ဆွဲ၍:
"လုရင်ကျုံ"

ချိတ်ဆက်သွားပြီးသည့်နောက် တစ်ချက်သန်းလိုက်၏။
"ဘာလဲ? ငါအိပ်ပျော်နေတုန်း"

လုရင်ကျုံ : "မနေ့က ရဲတွေတစ်ညလုံး လိုက်စုံစမ်းနေတာ ၊ကျန်းဟုန်နဲ့ ချိန်စုန်းဟိုင်တို့က တင်းရန်မြို့ကနေ ဒီ လုကျန်းမြို့ကို လာခဲ့ကြတာတဲ့။နောက်ထပ် 'ရန်မုန့်'လို့ ခေါ်တဲ့လူတစ်ယောက်လည်းရှိသေးတယ်။ရဲတွေ အဲ့ရန်မုန့်ကို သွားရှာကြတဲ့အချိန် အဲ့လူက ရထားပေါ်တောင်ရောက်နေပြီ။တော်သေးတာပေါ့ ၊တားလို့ရလိုက်လို့"

"ရန်မုန့်က ဘယ်လိုပြောလဲ?ရှင်းပြမယ်တဲ့လား?"

"အဲ့ကောင်က လိပ်ပြာမလုံဘူးဖြစ်နေတာ။ကျန်းဟုန်နဲ့ ချိန်စုန်းဟိုင်တို့က ထူးဆန်းဆန်းသေသွားတော့ မဟန်တော့ဘူးဆိုပြီး စကတည်းနဲ့ကြောက်နေပြီ။အခုတစ်ချက်လေးမေးရသေးတယ် အကုန်ပြောပြလာတော့တာပဲ။ပြောခဲ့တာတော့ မနှစ်က တင်းရန်မှာ သူတို့သုံးယောက် အရက်မူးနေကြတုန်း ညဆိုင်းဆင်းပြီးပြန်လာတဲ့ ကျိချိုင်ကိုတွေ့တော့ ဝိုင်းလိုက်စကြတယ်တဲ့။ပါးစပ်သရမ်းရင်းကနေ လက်တွေပါပါကုန်ကြတယ်တဲ့။တွန်းလားဆွဲလားနဲ့ ကျိချိုင်က မတော်တဆ ရေထဲပြုတ်ကျသွားတာ နောက်တစ်နေ့ရောက်မှ ရေထွက်ပေါက်အဝမှာ သူ့bodyကိုတွေ့လိုက်ရတယ်တဲ့"

လုရင်ကျုံဆက်ပြောသည်။
"အဲ့သုံးကောင်က အသံမထွက်ရဲတာနဲ့ အခြားမြို့ထဲ ထွက်ပြေးမယ်လုပ်ကြရော။ရထားလက်မှတ်သွားဝယ်ကြတဲ့အခါ အဲ့နေ့က လုကျန်းမြို့ကိုသွားတဲ့ လက်မှတ်ပဲ ရှိတာတဲ့__ __ဒါတိုက်ဆိုင်တာတော့မဟုတ်လောက်ဘူး ကျိချိုင်လက်စားချေတာပဲနေမှာ။အဲ့သုံးကောင်ကို လုကျန်းမြို့ဘက်ရောက်အောင် လုပ်တယ်ဆိုတော့ သူ့ dead bodyက‌လည်း လုကျန်းမြို့ကို အရွှေ့ခံလိုက်ရလို့ပဲ"

ရယ့်ဖုန်းက မေးလာသည်။
"ဒါဆိုကျုံးအိုက်ကော်က ဘယ်လိုဖြစ်တာလဲ?သူကရော ကျိချိုင်ကိုစော်ကားခဲ့လို့လား?"

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now