Chapter 4 ချူပန့်ရန်

919 184 23
                                    

ချူပန့်ရန်

ထန်ပိုင်ရှန်း ရုတ်တရက် ထိန်းမနိုင် သိမ်းမရ ကြောက်စိတ် ဝင်လာလေပြီ။သူ လှေကားအများကြီး ဆင်းပြီးပြီလေ၊ ဘာလို့တစ်နေရာတည်း ရှိနေရသေးတာလဲ!
နှလုံးတုန်ယီခြောက်ခြားစွာနှင့် အောက်ထပ်သို့ ပြေးဆင်းတော့သည်။

လှမ်းပြီးရင်းလှမ်းနေရင်း အသက်ရှူသံများလည်း ပိုမိုလေးလံလာရ၏။မောကြီးပန်းကြီး အရှေ့သို့ ပြေးနေရင်း ယိုင်တိုင်တိုင် ဖြစ်လာသည်။ထို့နောက် ထန်ပိုင်ရှန်းတစ်ယောက် ထိုင်ချပစ်ကာ သူ့ကိုယ်သူ ပွေ့ဖက်ရင်း လက်မောင်းနှစ်ဖက်အား လက်ဖဝါးများနှင့် ပွတ်သပ်ချော့မြူလိုက်သည်။

လက်ကိုင်ဖုန်းမှ မီးအလင်းရောင်ကလည်း ဖြာကျလျက် ၊ "ဆယ့်ကိုးထပ်" ဟုသည့်သင်္ကေတများကလည်း ခြောက်လန့်နေသည့်အလား သူဘယ်လိုပင် ကြိုးစားပါစေ ကော်ရိုက်ဒါ တစ်လျှောက်၏ အပြင်ဘက် တံခါးမှာ ဖွင့်မရဖြစ်နေ၏။

ဆယ့်ကိုထပ် , ဆယ့်ကိုးထပ် , ဆယ့်ကိုးထပ် , ဘာလို့ ဆယ့်ကိုးထပ်ပဲ ဖြစ်နေရတာလဲ?!

ထန်ပိုင်ရှန်းတစ်ယောက် တုန်ယီယီနှင့် လှေကားဆင်းနေရင်း အဆုတ် အမောဖောက်၍ ပေါက်ကွဲသွားသလိုပင်ပေါက်ကွဲသွားသလို လည်ချောင်းထဲ သွေးအနံ့အရသာများ လိမ့်တက်လာခဲ့သည်။သူ တောင့်ခံ၍ ရပ်လိုက်ပြီးနောက် အသက်ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။

အနည်းငယ် တည်တည်ငြိမ်ငြိမ် ဖြစ်သွားပြီးနောက် နံရံနှင့်ကျောအား စေ့စေ့နေအောင်ကပ်လျက် ဖုန်းဖွင့်ကာ တုန်ယင်နေသည့်လက်နှင့် ဖုန်းခေါ်လိုက်လေသည်။

ဖုန်းဝင်ရမယ် ၊ ဖုန်းဝင်မြှဖစ်မယ်!

ပျော်ရွှင်တက်ကြွဖွယ် သံစဉ်လေး နားထဲကြားလိုက်ရပြီးနောက် စက္ကန့် အနည်းငယ်ကြာသော် ရင်းနှီးနေသည့် အမျိုးသမီးသံ ထွက်ပေါ်လာခဲ့၏။

"ဟယ်လို?"

"လိကျဲ!"

ထန်ပိုင်ရှန်းမှာ အော်ငိုလုနီးနီး။
"ကျဲ ဘယ်ရောက်နေတာလဲ!ကျွန်တော် ကုမ္ပဏီမှာ သရဲခြောက်ခံနေရတာ!"

"ငါအိမ်မပြန်ရသေးဘူး ၊ မင်းဘယ်မှာလဲ?"
ဖုန်းတစ်ဖက်မှ လူ၏ အသံမှာ ချက်ချင်းဆိုသလို လောကြီးလာဟန်ပင်။

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now