Chapter 17 လိုက်လံစုံစမ်းခြင်း(၂)

306 65 16
                                    


လိုက်လံစုံစမ်းခြင်း(၂)


ညသန်းခေါင်ယံအချိန် မြမီးအိမ်၏ အဆောက်အအုံက မီးများလင်းထိန်လို့ ရှိနေသေး၏။

ပယောဂဆရာလေးတစ်သိုက်သည် ချိန်ကျိမ့်၏ ရုံးခန်း၌ ရှိနေကြပြီး အကုန်လုံး အသက်ပင် ဖြောင့်ဖြောင့်မရှူရဲကြ ,ဝန်းကျင်မှ လေထုကလည်း ဖိအားနှင့် သိပ်သည်းလို့နေသည်။ချိန်ကျိမ့်သည် ရုံးခန်း စားပွဲ၌ ထိုင်နေ၏။နံဘေး၌မူ မကြာသေးမီက နှပ်ထားသည့် စံပယ်လက်ဖက်ရည်အိုးထားထားသည်။ထိုသူသည် အံကြိတ်လျက် :
"အသုံးမကျတဲ့ဟာတွေ.........ပြောစမ်း! လူကိုလွတ်သွားလိုက်ရအောင် , မင်းတို့ထဲက ဘယ်သူရှင်းပြမှာလဲ? !"

ပြန်ဖြေသည့်သူမရှိ။

အတော်ကြာပြီးနောက် ယောက်ျားလေးတစ်ယောက်ကတုန်တုန်ယင်ယင်နှင့် :
"ကျွန်တော်ထင်တယ် , ကျွန်တော် လွတ်ပေးလိုက်မိတာ ထင်တယ်။
ကောင်ကလေးသည် တံတွေးမျိုချလျက် :
"ကျွန်တော်က နှစ်လွှာကို တာဝန်ယူ ရှာတာ။အဲ့က စတိုခန်းကို ဖွင့်လိုက်တဲ့အခါတုန်းက လူနှစ်ယောက်ကို နံရံထောင့်ကပ်နေတာ တွေ့လိုက်တယ်။အော့ , အရပ်မြင့်တဲ့တစ်ယောက်ကိုတော့ ကျွန်တော် မသိဘူး , နံရံထောင့်ကပ်ခံထားရတဲ့ တစ်ယောက်ကိုတော့ သေချာမမြင်လိုက်ရဘူး"

ချိန်ကျိမ့်က မျက်မှောင် ကြုံ့လျက် :
"အဲ့နှစ်ယောက်က ဘာလုပ်နေကြတာလဲ?"

"အော့ , အဲ့ဒါက , အဲ့လို ပူးတီကပ်တီ ၊ ပွတ်သပ်ကိုင်တွယ် ၊ နမ်းရှုတ်နေကြတာ။ဘောင်း , ဘောင်းဘီတွေလည်း ချွတ် ချွတ် မလို့ ပုံစံမျိုး"

ချိန်ကျိမ့် စားပွဲကို အကြမ်းပတမ်း ရိုက်ချပစ်၏။
"မင်းပြောချင်တာက လုရင်ကျုံ ၊ ငါတို့ မြမီးအိမ် တစ်သိုက်လုံးရဲ့ အရင်ခေါင်းဆောင်က အဲ့အချိန်မှာ အဲ့ဂေးဘားမှာ အဲ့အစုတ်အပြတ်ခန်းမှာ ယောက်ျားတစ်ယောက်နဲ့ sex လုပ်နေတယ်လို့လား? ! အောက်ထပ်တောင် ဖြစ်လိုက်သေးတယ်ပေါ့? ! ရှောင်မုန့် မင့်မှာ ဦးနှောက်မရှိဘူးလား ၊ ဒါဖြစ်နိုင်လား? လက်တွေ့ဆန်ရဲ့လား? နမ်းရှုတ်လိုက်သေးတယ် ၊ ဘောင်းဘီတောင် ချွတ်လုနီးနီးဟုတ်လား ၊ ဝတ္ထုတွေတောင် အဲ့လောက် လိမ်ရဲမှာမဟုတ်ဘူး! "

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now