Chapter 12 ထူးဆန်းတဲ့ဖွားဖွား

434 94 11
                                    


ထူးဆန်းတဲ့ဖွားဖွား

လုရင်ကျုံသည် ကျင့်ရှန်အားကြည့်ရင်း ထင်မိသည်။
ဘာ မန္တန်များသုံးမလဲ။

ဖောက်ခွဲမန္တန် ? လေမန္တန်? ဝိညာဉ်ဆင့်ခေါ်တဲ့ မန္တန်?.......ရှိရှိသမျှသော မန္တန်စက္ကူတို့က သူ့စိတ်ထဲ ပေါ်လာ၏။

ထို့နောက် ကျင့်ရှန်သည် ရုတ်တရက် အသက်ပြင်းရှူ၍ တံခါးဆွဲဖွင့်လိုက်လေသည်!

လုရင်ကျုံ : ???

နဖူးပင်ထောက်မိရသည်။ဒီလောက်တုံးအပြီး ဇွတ်တရွတ်ဆန်တဲ့နည်း ၊ သူဘာမှတောင်မပြောချင်တော့ဘူး။

တံခါးအပြင်ဘက်တွင် ဟာလာဟင်းလင်း၊ ကျင့်ရှန်က ဈေးဝယ်ထွက်သလို ဘယ်ညာတောင်မြောင် တစ်ပတ်ကြည့်ရင်း နှမြောဟန်ဖြင့် :
"ပြေးသွားတာကလည်း ဘယ်လိုတောင် မြန်လိုက်သလဲကွာ"

သူခေါင်းပြန်လှည့်လိုက်သောအခါ လုရင်ကျုံ၏ မျက်နှာအမူအယာက တစ်ခုခုမဟုတ်နေမှန်း တွေ့သွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?လန့်သွားတာလား?"

"........မဟုတ်ဘူး"
လုရင်ကျုံ မျက်ခုံးရိုးအား ဖိနှိလိုက်၏။
"နောက်တစ်ခေါက်ဆိုရင်လေ ငါ့ကိုစောင့်ပြီးမှ အတူလုပ်ရအောင်"

ညံ့တာထက် သုံးစားမရတာပိုဆိုးတယ်။သူတကယ်ကြီး ကျင့်ရှန်ကို ဘာမှမခိုင်းလိုက်ရပဲ ရုတ်တရက်ကြီး သေသွားမှာ တကယ်စိုးမိရဲ့။

ကျင့်ရှန်လည်း သူအမှားလုပ်မိသွားကြောင်း ရုတ်တရက် ခံစားလိုက်ရ‌သည်။

သေချာပါတယ် မနေ့ညက အဲ့ဒီအပနှင်တတ်တဲ့ တစ္ဆေ ကဒီလိုပြောတာ :
"ကျွန်တော် အပနှင်လာတဲ့ သက်တမ်းတစ်လျှောက် အကုန်လုံးက အရှိန်အဝါကို အားကိုးလာတာ။ အကြောတင်းတင်းနဲ့သာရင်ဆိုင်လိုက် သရဲက သူ့အလိုလို ကြောက်သွားလိမ့်မယ်"

ကျင့်ရှန်က သိချင်စိတ်နှင့် :
"အရှိန်အဝါကိုပဲ အားကိုးပြီး အပနှင်တယ်? မန္တန်စက္ကူတွေ ဘာတွေမရှိဘူး?"

"ဟုတ်တယ်"

"ဒါဆို မင်းဘယ်လိုသေသွားတာလဲ?"

"သရဲကိုက်လို့ သေသွားတာ"

ကျင့်ရှန် : "........"

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now