Chapter 3Two-faced Buddha

1.1K 224 40
                                    

Two-faced Buddha

လာမည့်ရက်သတ္တပတ်များအတွင်း ရယ့်ဖုန်း မည်သည့် တစ္ဆေနှင်သည့် request များ လက်မခံပါပဲ လုရင်ကျုံအား ရုံးခန်းဆင်ကူလေသည်။

‌ဤခေတ်အတွင်း ပယောဂနှင်ခြင်း ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။လူတော်တော်များ ပယောဂဆရာတစ်ယောက် ရောက်ရှိလာခြင်းအား သိကြသော်ငြား အနည်းငယ်မျှ သူတို့နှင့် ဆက်သွယ်လာကြ၏။သရဲ ‌တစ္ဆေနှင့် ပက်ပင်း ကြုံဖူးသူ တကယ်ပင် နည်း၍လားမသိ ပယောဂနှင်ခြင်းအား ဘေးအိမ်မှ အဒေါ်ကြီး၏ စကားပြောပုံပြင်များတွင်သာ ရှိနေသကဲ့သာ။

သဘာဝလွန် ရုံးအနည်းငယ်များလည်း ပွင့်ပွင့်လင်းလင်း နှင့် သမာသမတ်ဆောင်ရွက်ကြသည်ပင် - မေးခွန်းထုတ်စရာမရှိပေမယ့်လည်း လုံးလုံး အဆင်ပြေမနေတာလေးတစ်ခုပေါ့။

ဤကဲ့သို့သော မှေမှိန်းပျောက်ကွယ်တော့မည့် ထူးခြားဆန်းကြယ်သော အရာများသည် လူတို့၏အမြင်တွင်တော့ ပုံမှန်အားဖြင့် ဒိတ်အောက်သည်ဟုသာ။ထို့ထက် လူအများစုက ဤသို့သောအရာများ သူတို့ နေရာ ပတ်ဝန်းကျင်သို့ မဖိတ်ခေါ်ချင်ကြပေ။နားမလည်သည့်အတွက် ကြောက်ရွံ့၍လည်းဖြစ်သည်။ဤသည်မှာ လူ့သဘာဝပင်။ထို့ကြောင့် သူတို့နှစ်ယောက်လည်း ဟန်ပြစီးပွားရေးလေးတော့ လိုမည်။အချို့ကတော့ convenient စတိုးအသွင် ဖုံးထား၍ အချို့ကတော့ စာအုပ်ဆိုင် အသွင်ယူသည် စသည်ဖြင့် အားလုံးကတော့ ထူးထူးဆန်းဆန်းချည်းသာ။သူတို့အားလုံး၌ အလုပ်ရုံးများ ရှိသော်လည်း ကမ်စတမ်မာများ အတွက်တော့ အထောက်အထားများက မယုံမကြည်ဖြစ်နိုင်၏။လုရင်ကျုံ၌လည်း သူငယ်ချင်းတစ်ယောက်ရှိသည် ၊ သူ့သရဲနှင်ခြင်းထက်ပင် သူ့ဟန်ပြစတိုးဆိုင်က ပိုရောင်းရနေ၏ ၊သို့နှင့် ထိုသူငယ်ချင်းမှာ သူ့သက်မွေးဝမ်းကြောင်းအား ပြောင်းလဲလိုက်တော့သည်။

"*လုရင် အရက်ဘား"
ထိုနာမည်နှင့် *နို့စားကြောင်လေးတစ်ကောင် ခွက်ထဲခေါင်းငုံ့နေသည့် logo ဆိုင်းဘုတ်ကြီးအား အပြင်ဘက်၌ချိတ်ထားလိုက်ကြသည်။အခန်းအတွင် ဒီဇိုင်းအပြင်ဆင်ကတော့ သင့်တော်သည့် ရိုးရိုးရှင်းရှင်း ဘားကောင်တာ ၊ ဝိုင်ဗီရိုများ ၊ စားပွဲ ထိုင်ခုံ စသည်များနှင့် ပြင်ဆင်ထား၏။အဆောင်စာရွက်များကတော့ အနောက်ဖက်အခန်း တံခါးပေါ်၌ ကပ်ထားလျက် အမျိုးမျိုးသော ပယောဂနှင်သည့်ပစ္စည်းပစ္စယများနှင့် မှတ်တမ်းမှတ်ရာများကိုတော့ အထဲ၌ ပစ်ထည့်ထားလိုက်ကြသည်။

After Marrying the Lord of the Underworld [Myanmar Translation]Onde as histórias ganham vida. Descobre agora