Chapter 17 လိုက်လံစုံစမ်းခြင်း(၃)

282 62 13
                                    

လိုက်လံစုံစမ်းခြင်း(၃)

“ခို” ဟု သိကြသော ချိန်ရှောက်လင်၏ သတင်းပေးသူများသည် ပယောဂဆရာ အဖွဲ့အစည်းကြီးများအပါအဝင် ဘဝအလွှာပေါင်းစုံ၌ လွှမ်းခြုံထားသည်။

မည်သို့ဆိုဆို ယခုအမှုက နှစ်များကြာလွန်ပြီး ဖြစ်သည့်အပြင် နမိတ်ကလည်းမကောင်း မိသားစုကြီးလေးစုကလည်း ပါဝင်နေသေးသည်။ထို့ကြောင့် စုံစမ်းချင်လျှင်တောင် အတော် အားသုံးရပေမည်။

လုရင်ကျုံက ပြောသည်။
"အနားယူလိုက်ဦး ၊ သိပ်အပင်ပန်းမခံနဲ့"

"ရှောင်လု ဒါက ကျဲကျဲကို စိတ်ပူနေတာလား~"
ချိန်ရှောက်လင်၏အသံက ချက်ချင်းတက်ကြွဖျတ်လတ်။
"ဘယ်အချိန် ဒီကျဲကျဲကို ထမင်းဖိတ်ကျွေးမှာတုန်း? ! "

လုရင်ကျုံသည် ပြန်ဖြေတော့မည့်ဆဲဆဲ နောက်ထပ် ကော်ဖီတစ်ခွက်က သူ့ရှေ့ပေါ်လာပြန်၏။

သူသည် အိပ်ရေးမကောင်းသောကြောင့် တက်တက်ကြွကြွဖစ်စေရန် အမြဲ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် သောက်လေ့ရှိသည်။ရနံ့ရလိုက်သည်နှင့် ဤကော်ဖီက အတော်ကောင်းမှန်း သိသာ၏။ရနံ့လေးကသင်းသင်းနှင့်။ကျင့်ရှန်က နွားနို့ထည့်ထားပေးရာ အဖြူရောင် တစ်စနှစ်စက ပေါ်နေသေး၏။

ဒီတစ်ကြိမ်တော့ သူလည်း ကျင့်ရှန်၏ ဝန်ဆောင်မှုကို လက်ခံပြီး ကော်ဖီခွက်ကိုယူလိုက်သည်။
"ကျေးဇူးပဲ"

ချိန်ရှောင်လင်မှာ သတိပေးသံများ ညံသွား‌ရလေသည်။
"မင့်အိမ်ရောက်နေတာ ဘယ်သူကြီးလဲ! မြန်မြန်ပြော ၊ ဒီကျဲကျဲရဲ့နောက်မှာ မင်း မှင်စာလေး ထားထားတယ်ပေါ့!"

[မှင်စာ = ညို့ဓာတ်ပြင်းပြင်း လှည့်ဖျားတတ်တဲ့မိန်းကလေး]

"ဘာမှင်စာလေးလဲ"
လုရင်ကျုံမှာ ငိုချင်ရယ်ချင်နှင့်။
"မနေ့က မင်းတွေ့ခဲ့တဲ့သူပဲလေ ၊ ကျင့်ရှန်"

"သောက်ကျိုးနည်း"
ချိန်ရှောက်လင်ကဆို၏။
"အဲ့ဒါကမှ မှင်စာကြီးကြီး ! "

လုရင်ကျုံ : ".........?"

"နေဦး ၊ မှင်စာကြီးက ဘာလို့ မင့်အိမ်မှာရောက်နေတာလဲ?အခုမှ မနက်၇နာရီပဲရှိသေးတာလေ"
‌ချိန်ရှောက်လင်သည် ပြောလေ တစ်ခုခုကမဟုတ်‌လေခံစားရသဖြင့် :
"သူ မင့်အိမ်မှာ အိပ်တာတော့ မဟုတ်ပါဘူးနော်?"

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now