Chapter 14 ရှန့်တုံးအရက်ဘား

371 76 11
                                    

ရှန့်တုံးအရက်ဘား


ကော်ဖီဆိုင်၌ ရွေးစရာဟင်းလျာက များများစားစား မရှိပေ , စပါကတီ နှင့် steak နည်းနည်းပါးပါးသာရှိပြီး အရသာကလည်း သာမန်ပင်။မကျက်တကျက် အမဲသား steak ဆိုသည်မှာလည်း တစ်ပြားလုံးကျက်အောင် ကင်ထားသလား မှတ်ရသည်။ဤသို့ လူသွားလူလာများသည့် လမ်းနေရာ၌ဖွင့်ထားရာ ဈေးကတော့ အတော်လေးတန်သည်ဟု ဆို၍ရသည်ပင်။ချိန်ရှောက်လင်သည် ဓာတ်ပုံ သုံးလေးပုံလောက် တစ်ဆက်တည်းရိုက်၍ သူ့ moment ၌ ကပ်ရှင်နှင့်တကွတင်လိုက်သည်။

【ဆိုင်ကသာမန်ဆိုပေမယ့်,ကံကောင်းချင်တော့ ရွှိုက်ကော‌လေးက ဒို့ကိုအဖော်ပြုပေးနေတယ်~❤️❤️】

နောက်နည်းနည်းကြာသော်  edit ၍ စာထပ်ထည့်လာပြန်၏။
【အားလုံးပဲ အထင်မလွဲကြနဲ့နော်,ဒို့တွေက ရိုးရိုးသားသားသူငယ်ချင်းတွေပါလို့~❤️】

လုရင်ကျုံသည် အမဲသားကိုလှီးနေရင်း စားပွဲဝိုင်းလေထုက ထူးဆန်းနေသည်ဟု ပြောမပြတတ်စွာ ခံစားနေရသည်။သူသည် ချိန်ရှောက်လင်ကို ကြည့်လိုက်၏ , ထို့နောက် ကျင့်ရှန်ကို ကြည့်လိုက်ပြန်သည် , နှစ်ယောက်လုံးက စားသောက်ရာ၌သာ အာရုံစိုက်ထားပြီး ဘာမှထူးဆန်းနေတာမရှိ။

စိတ်ပဲထင်နေတာများလား?

လုရင်ကျုံသည် ရေတစ်ငုံသောက်လိုက်၏။ထိုရေခွက်သည် လက်ထဲမှပင် မချရသေး , ဘေးမှ လူနှစ်ယောက်က ထိုခွက်ကို သဲကြီးမဲကြီး စိုက်ကြည့်နေကြလေ၏။

လုရင်ကျုံ : ?

သူ့မှာ ရုတ်တရက် လက်ထဲ ချိန်ကိုက်ဗုံးကိုင်ထားသလို ခံစားလိုက်ရသည်။ဆက်သောက်လည်း မဟုတ်တတ် , ချလိုက်ပြန်ရင်လည်း မဟုတ်တတ်။

စက္ကန့်အတော်ကြာ တွေဝေနေပြီးနောက် ရေခွက်အားချလိုက်ရာ ဘေးမှလူနှစ်ယောက်သည် တစ်ပြိုင်နက် လက်ဆန့်ထုတ်လာလေ၏!

ကျင့်ရှန်က ချိန်ရှောက်လင်ထက် ပိုသွက်လေရာ ထိုရေခွက်အား ကောက်ကိုင်၍ ချက်ချင်း ထရပ်လိုက်သည်။
"ကိုယ်မင့်ကို ရေထည့်ပေးမယ်"

လုရင်ကျုံ : ? ? ?

သံသဝင်စွာနှင့် သူသည် ထိုသူထွက်သွားသည်ကို ကြည့်နေလိုက်၏__ __အခုမှ နန်းတက်လာသည့်  ခြင်္သေ့ဘုရင်လို မြောက်ကြွားကြွားနှင့် သံပုရာရေအားဖြည့်ပြီးနောက် နားရွက်တက်ချိတ်မတတ် ပီတိကြီးနှင့် သူ့ရှေ့ချပေးလာပြန်သည်။

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now