Chapter 15 သောက်ကြမယ်

344 69 16
                                    

သောက်ကြမယ်

အရက်ဘားထဲတွင်တော့ မီးရောင်စုံများ , လှုပ်လီလှုပ်လဲ့ အရက်ပုလင်းများနှင့် ပြိုးပြိုးပျက်ပျက် , ယောက်ျားလေးများကလည်း ကိုယ်စီကိုယ်စီ တွဲဘက်များနှင့်။လုရင်ကျုံသည် ဤသို့မြင်ကွင်းမျိုး မမြင်ဖူးပေ , ထင်လည်းမထင်ထားမိ , ပထမဆုံး ဤနယ်ပယ်၌ခြေချဖူးသည်ဆိုသော်လည်း လုံးဝကို အံဝင်ခွင်ကျ လိုက်လျောညီထွေ ဖြစ်နေမယ်လို့။

ကျင့်ရှန်ကတော့ တကယ် မရှိမဖြစ်ပဲ။

ယခုမူ နှစ်ယောက်သားသည် နီးနီးကပ်ကပ်ရှိနေကြပြီး ယခုမှ လိင်တူစုံတွဲလောကကို ခြေချလာသည့် ပူနွေးနွေး စုံတွဲများကဲ့သို့ ကော်နှင့်ကပ်ထားသလိုပင် ပူးကပ်နေကြသည်။ထိုသို့ပူးကပ်စွာနှင့် နှစ်ယောက်သားသည် ဘားကောင်တာသို့ လျှောက်သွားလိုက်ကြ၏။လုရင်ကျုံက အလွန်လျင်မြန်စွာနှင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း နေ့တုန်းက တွေ့ခဲ့ရသည့် ဦးလေးကြီးကို ရှာမတွေ့။

သို့သော်လည်း အခြားငယ်ရွယ်သည့် ဘားအဖျော်သမားလေးက သူတို့နှစ်ယောက်ကို မြင်သွားခဲ့လေရာ အနားလျှောက်လာခဲ့သည်။ အကြည့်များကလည်း သူတို့နှစ်ယောက်ကိုယ်ပေါ် ဖောက်ထွင်းမတတ် စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် လက်ရာမြောက်လှပါသည့် အပြုံးအား ထုတ်ဖော်လိုက်ရင်း :
"နှစ်ယောက်သား , ကျွန်တော့်ရဲ့ အရက်ကို သောက်ကြမှာလား?"

လုရင်ကျုံ ပြန်ဖြေတော့မည့်ဆဲဆဲ တစ်ဖန် ကျင့်ရှန်၏ ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရပြန်၏။
"သောက်မှာ , ဒါပေမယ့် မင့်ဟာမဟုတ်ဘူး...."

လုရင်ကျုံ : ".........."

"အိုင်းရား"
လူငယ်လေးက မိန်းကလေးအလား တစ်ခစ်ခစ်ရယ်လိုက်၏။
"ကောကောက အရမ်းကြမ်းတာပဲ"

ကျင့်ရှန်က ဘားကောင်တာအား မှီရင်း ပြန်ပြောလိုက်သည်။
"Tequila Sunrise နှစ်ခွက်"
ထို့နောက် လုရင်ကျုံအား ငုံ့ကြည့်ရင်း ရီလိုက်၏။
"ကိုယ်ကတစ်ခြားအချိန်မှာဆို ပိုကြမ်းတယ် , နော့?"

လုရင်ကျုံ : "........"

အနေအထားက အဆင်မပြေနေလို့သာ , မဟုတ်ရင် သူ့နဖူးသူ ထောက်မိနေလောက်ပြီ။

After Marrying the Lord of the Underworld [Myanmar Translation]Where stories live. Discover now