1.

3.5K 181 6
                                    

မြို့သူမြို့သားတွေအားလုံးငိုကြွေးနေကြပြီ။

အသုံးမကျတဲ့ ဧကရာဇ်ကြောင့် တစ်နိုင်ငံလုံးက ရှိသမျှ အမျိုးသားတွေဟာ အသက်အရွယ်အိုမင်းနေတာတောင် စစ်မြေပြင်ကိုသွားလို့ စစ်တိုက်ထွက်ရပါမယ်တဲ့။

တစ်ဖက်နိုင်ငံရဲ့စစ်သည်ကို ဖြိုလှဲချဖို့နေနေ​သာသာ ဒီတစ်နိုင်ငံလုံးက ရှိသမျှယောက်ျားသားတွေအားလုံး အသက်ရှင်လျက်နဲ့ပြန်လာနိုင်ဖို့ဆိုတာတောင် သေချာတာမဟုတ်ပေ။

ထို့အပြင် သန်မာဖျတ်လတ်သော အမျိုးသမီးတွေပင် စစ်မြေပြင်မှာ ရုန်းကန်တိုက်ပွဲဝင်နေရချေ၏။

"စစ်သူကြီးရှောင်းနဲ့သူ့ဇနီးတိုက်ပွဲကျသွားပြီ''

ရှောင်းအိမ်တော်ဟာ ဖြူလွသောအစတွေနဲ့ဖုံးလွှမ်းသွားသလို စစ်သူကြီးရဲ့မိခင်သည် တစ်နေ့တည်းမှာပင် သားဖြစ်သူနဲ့ချွေးမအားဆုံးရှုံးလိုက်ရသောကြောင့် မှိုင်တွေနေလေ၏။

" ဖွားဖွား..''

စိမ်းဖျော့ဖျော့ပိုးထည်ဝတ်စုံလေးကိုဝတ်ထားသည့် ဖုန်တွေပေလူးနေသော ပြေးလာတဲ့ ၁၀နှစ်သားအရွယ်ကလေးငယ်သည် လက်ထဲမှာလည်း ယုန်ကလေးတစ်ကောင်ကိုပွေ့ထားသေး၏။

" ကျန့်ကျန့်...ဖွားဖွားမြေးလေး''

ရှောင်းဖွားဖွားသည် အသက်၅၂အရွယ်သာရှိသေးပြီး အလွန်ချောမောခန့်ညားလှ၏။ လွန်ခဲ့သောရက်သတ္တပတ်ကပင် သူမ၏ ခင်ပွန်းဖြစ်သော ကျန့်ကျန့်လေး၏ အဘိုးဖြစ်သူမှာ တိုက်ပွဲကျသေဆုံးသွားသောကြောင့် မုဆိုးမဘဝကိုရောက်ခဲ့ရသည်။

ယနေ့တွင်တော့ သူမ၏ သားနဲ့ချွေးမလည်း တိုက်ပွဲကျသွားခဲ့လေပြီ။

" ဖွားဖွား .. ဘာလို့ငိုနေတာလဲဟင်''

" ကျန့်ကျန့်...''

သူမ၏အသံတို့သည် တိမ်ဝင်ဖျော့တော့ကာ ငိုသံစွက်နေခဲ့ပြီး ဒီကလေးငယ်ကို သနားလွန်းသည့်အတွက်ရော သူမတို့မိသားစုလေး သေကွဲကွဲရသည့်အတွက်ပါ မျက်ရည်ကျလာရ၏။

" ကျန့်ကျန့်ရဲ့ ဖေဖေနဲ့မေမေက ဘယ်တော့မှပြန်မလာနိုင်တော့ဘူးတဲ့''

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now