10.

956 105 20
                                    

မနက်ခင်းနေရောင်ခြည်က ကျန့်ကျန့်ရဲ့မျက်နှာပေါ်ကို ပြတင်းတံခါးမှတဆင့် နူးညံ့စွာဖြာကျနေလေသည်။ နွေဦးနေ့ရက်တွေမို့ ပြတင်းတံခါးအနီးရှိ သစ်တော်ပင်မှ လက်ကျန်နှင်းရည်ပက်ဖြန်းမှုနဲ့ ရိုးတံညှာကြားကနေ တိုးထွက်ပွင့်ဖူးလာတဲ့ သစ်တော်ပန်းဖြူဖြူလေးတွေဟာ လေဝှေ့တာနဲ့ တလွင့်လွင့်ကြွေကျနေကြသေး၏။

အနီရောင်ညအိပ်ဝတ်စုံလေးနဲ့ ကျန့်ကျန့်က သိပ်ကိုကြည်လင်ဝင်းပနေတာမို့ သစ်တော်ပန်းဖြူဖြူလေးတွေဟာ မြေခဝပ်ဆင်းပြီး ကျန့်ကျန့်ကို အရှုံးပေးခစားနေကြသကဲ့သို့ပင်။

" အားကျို့ ''

ကျန့်ကျန့်ရဲ့ခေါ်သံကြောင့် အားကျန့်အတွက် ဝေယျာဝစ္စတွေကြိုတင်ပြင်ဆင်ပေးနေ​ရှာသော ​လူငယ်က အရိုအသေးပေးပြီး အနားမှာလာရပ်လေတယ်။

အားကျို့ကို ကျန့်ကျန့်ကသေချာကြည့်လိုက်ပြီး မျက်မှောင်လေးကျုံ့မိသွားရတယ်။
အားကျို့က ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့် မျက်နှာတွေကနီရဲနေတဲ့အပြင်နားဖျားလေးတွေပါရဲနေတယ်။

" အားကျို့နေမကောင်းဘူးဆို ၊ ဘာလို့ ကျန့်ကျန့်ကို ဒါတွေလာပြီးပြင်ဆင်ပေးနေတာလဲ ၊ သွားပြီးအနားယူချေ''

အားကျို့က ကျန့်ကျန့်ရဲ့စကားကိုကြားတော့ ပါးစပ်လေးကအနည်းငယ်ပွင့်ဟသွားပြီး အံ့သြနေသလိုပုံစံလေးဖြစ်နေသေးတယ်။ ခဏအကြာမှာ ကျန့်ကျန့်ကို အရိုအသေပေးကာ ချန်ထားခဲ့ပြီး အပြင်ကိုထွက်သွားလေတယ်။

ကျန့်ကျန့်လည်း အားကျို့ထွက်သွားတာနဲ့ အဝတ်အစားတွေ ဖယ်ခွာပြီး ရေချိုးဖို့ ပြင်ဆင်လိုက်တော့သည်။ ရေကန်ဟာအတန်အတင့်ကျယ်ပြန့်ကြီးမားကြီးမားပြီး ကန်ထဲမှာတော့ အရောင်သွေးစုံလှတဲ့ ပွင့်ဖပ်နုနုတွေဟာ အပြည့်အနှက်နေရာယူနေကြ၏။

ကန်ထဲသို့ ခြေတစ်လှမ်းချင်းဖြင့် ဆင်းသွားတဲ့ ကျန့်ကျန့်က အခုချိန်မှာ ကိုယ့်ကိုယ်ကို နူးညံ့လိမ္မာရေးခြားရှိသော စံအိမ်သခင်လေးအဖြစ် မြင်ယောင်နေမိသည်။

ရေအကြာကြီးစိမ်ပြီးတဲ့အခါ ကျန့်ကျန့်က ရေကန်ထဲကနေတက်လာပြီး စိမ်းဖျောရောင်ပိုးထည်ဝတ်စုံကို သေသပ်အောင်ဆင်မြန်းဝတ်ဆင်လိုက်သည်။ ပိုးထည်လွှာမှာ ထိုးထားသော အဝါရောင်သစ်ရွက်လေးတွေဟာ နွေဦးပြယုဂ်ကို သူတစ်လူငါတစ်မင်းဖော်ပြခြင်နေကြသယောင်။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now