3.

1.3K 134 5
                                    

" ဆရာသခင်..တောင်အောက်ကိုရောက်ဖို့က နေ့ရက်နဲ့တွက်ရင် ဘယ်လောက်ကြာပါသလဲ''

အနက်ရောင်ဝတ်စုံနဲ့မျက်နှာဖုံးဝတ်ထားတဲ့ ကလေးဟာ ခဲဖြူရောင်ဝတ်စုံနဲ့ ဆရာသခင်ကို မေးမြန်းလိုက်တာဖြစ်တယ်။
ဆရာသခင်ရဲ့မျက်နှာဖုံးအောက်က နူတ်ခမ်းဟာ ပြုံးယောင်သမ်းသွားပြီး တပည့်လေးကို ကြည့်ကာ ပြန်ဖြေခဲ့လေတယ်။

" ရိပေါ် .. ခြေလျင်ဆိုရင် တစ်လကြာတယ်.. တန်ခိုးနဲ့ဆိုရင် တစ်ရက်ကြာတယ်''

" ဘာလို့ တန်ခိုးနဲ့မဆင်းဘဲ ခြေလျင်ဆင်းရတာပါလဲ ဆရာသခင်''

" အချိန်ကွက်တိကျအောင်လို့ပေါ့ကွယ်''

ဆရာသခင်ရဲ့စကားကို နားမလည်ပေမယ့် ရိပေါ်က ငြိမ်ငြိမ်လေးနေလိုက်ပါတော့တယ်။ ထပ်မေးမနေတော့ဘဲ ဆရာသွားတဲ့နောက်ကနေ အသာလိုက်ခဲ့ပြီး ရက်ကိုရေတွက်နေရင်း ရိပေါ်သတိထားမိလိုက်တာက..။

ဒီနေ့တစ်လပြည့်တာပဲ။

" ဆရာသခင် ..ဒီနေ့တောင်အောက်ကိုရောက်မှာပေါ့ ''

တောင်သခင်ကျန်းက ခေါင်းတစ်ချက်ညိတ်ပြရင်းပြုံးလေတယ်။ ရိပေါ်ကလည်း တောင်အောက်မှာရှိနေတဲ့ မြို့တော်တွေက ဘယ်လိုစည်ကားနေမလဲဆိုတာ ရင်ထဲမှာသိချင်စိတ်တွေပြည့်နှက်နေခဲ့ပါရဲ့။

..........

တိုင်းနိုင်ငံ ပြန်လည်စည်ပင်ဝပြောလာဖို့အချိန်သိပ်ယူစရာမလိုခဲ့ဘူး။ ထူရှန်းနိုင်ငံကို သိမ်းဖို့ ထိပါးသမျှနိုင်ငံတွေကလည်း ကျန့်ကျန့်ဆိုတဲ့ကလေးလေးကြောင့် လက်လျှော့ကြလေတယ်။

ဟုတ်တယ်။ ကျန့်ကျန့်တို့နိုင်ငံက ထူရှန်းနိုင်ငံလို့အမည်ရတယ်။

အသုံးမကျတဲ့ဘုရင် ဝိမ်းချောင်ဟာ ကျန့်ကျန့်ကို အိမ်ရှေ့စံစစ်သူကြီးအဖြစ်ခန့်အပ်ခဲ့ပေမယ့် ကျန့်ကျန့်က စစ်သူကြီးပဲလုပ်ချင်တာဖြစ်ကြောင်း လျှောက်တင်ခဲ့တယ်။

ကျိရန်တို့ခြောက်ယောက်ကိုလည်း မင်းသားတွေအဖြစ်ခန့်အပ်ခဲ့ပေမယ့် အဖွားဖြစ်သူတွေက လုံးဝကို ကန့်ကွက်ကြလေတယ်။

The Beautiful Warrior(美丽的战士)Completed Opowieści tętniące życiem. Odkryj je teraz