14.

880 80 4
                                    

ကျန့်ကျန့်က ရိပေါ်ရဲ့ခန္ဓာကိုယ်ကို အပင်တစ်ခုရဲ့ပင်စည်မှာ မှီစေလိုက်သည်။ ရိပေါ်ကတော့ အခုထိသတိမရသေးပေ။

တလွင့်လွင့်နဲ့ ပွင့်ဖပ်တွေဟာ အနားမှာ ကြွေကျနေတာမို့ မော့ကြည့်လိုက်တော့ သစ်တော်ပင်နဲ့ဖွေးလှုပ်နေတဲ့သစ်တော်ပန်းတွေကိုမြင်လိုက်ရသည်။

အခုရောက်နေတာဟာ ဘယ်နေရာမှန်းဘာမှန်း ကျန့်ကျန့်မသိတာမို့ ပတ်ဝန်းကျင်ကို သေချာအကဲခတ်လိုက်သည်။

ညနေခင်းရောက်နေပြီမို့ နေဟာတောင်စွယ်မှာပျောက်ကွယ်နေပြီမို့ ကျန့်ကျန့်က အနီးနားက ထင်းရှူးကိုင်းခက်အခြောက်တွေကို လိုက်လံကောက်ယူရင်း မီးဖိုဖို့အတွက် ပြင်ဆင်ရသည်။

ရိပေါ်ရဲ့ခန္ဓာကိုယ်ဟာ ရေခဲငွေ့တွေရိုက်ကာ အေးစက်နေတာမို့ ကျန့်ကျန့်ရဲ့ စစ်ဝတ်တန်ဆာတွေနဲ့ခြုံပေးထားရသည်။

မီးလေးဟာတလက်လက်နဲ့အရှိန်ရစွာတောက်လာခဲ့ပြီဖြစ်ကာ ကျန့်ကျန့်ကလည်း ခန္ဓာကိုယ်က သွေးပေသောနေရာများနဲ့ဒဏ်ရာမျကို အနီးက မြစ်ရေနဲ့ ဆေးကြောလိုက်သည်။

ထို့နောက် ချမ်းတုန်နေသော ရိပေါ်ကို ပွေ့ဖက်ကာ မီးဖိုဘေးမှာ ထိုင်နေလိုက်သည်။

" ရိပေါ်.. ငါ..ကိုကိုကလေ ရိပေါ်ကို သိပ်ချစ်တာမို့ ရိပေါ် ဘာမှမဖြစ်ရဘူးနော်''

"......''

" ရိပေါ်..မိုးပေါ်မှာ ကြယ်တွေအများကြီးရှိတယ်၊ ကိုကိုက သီချင်းလည်းမဆိုတတ်ဘူး၊ ကဗျာလည်းမစပ်တတ်ဘူး၊ စာလည်းမရေးတတ်ဘူး ''

" .....''

" ကိုကိုက ဓားကိုင်ဖို့လူသတ်ဖို့ကလွဲရင် ဘာမှမသိဘူး ၊ အခု ကိုကိုတစ်ခုသိပြီ ၊ ကိုကိုလေ ရိပေါ်ကို ချစ်တယ်''

".....''

ကျန့်ကျန့်က ရိပေါ်ကို ပွေ့ဖက်ထားရင်း စကားတွေတတွတ်ပြောကာ အိပ်ပျော်ဖို့လည်းမဖြစ်နိုင်အောင်မျက်ဝန်းတွေကြောင်စီနေခဲ့သည်။

တစ်ရက်..

နှစ်ရက်...

သုံးရက်....။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now