5.

1.2K 131 7
                                    

ကျန့်ကျန့်က ကလေးသာသာဖြစ်ပေမယ့် မှုန်သုန်နေတဲ့မျက်နှာထားနဲ့ တွန့်ကျိုးနေတဲ့မျက်ခုံးအစုံကြောင့် ဘယ်သူကမှ မလေးမစားမလုပ်ရဲကြပေ။

" စစ်သူကြီးရှောင်း ဆဲ့လူးတွေကို တိုက်ဖို့အတွက် အကြမ်းဆွဲထားတဲ့ဗျူဟာပါ''

ရွက်ဖျင်တဲထဲကိုဝင်လာတဲ့ တပ်မှုးက ကျန့်ကျန့်ရဲ့မလှမ်းမကမ်းကနေ တရို​တသေနဲ့ ဗျူဟာအကြမ်း​ဖျင်းစာလိပ်ကိုပေးလာခဲ့လေတယ်။

ကျန့်ကျန့်က ရင်ထဲမှာ ဝမ်းနည်းစွာအော်ဟစ်ငိုကျွေးနေပြီဖြစ်သော်လည်း အပြင်မှာတော့ သုန်မှုန်ထားဆဲသာ။

" ဘာဗျူဟာမှမကြည့်ချင်ဘူး ၊ ကျွန်တော်ပြင်ဆင်ထားတဲ့နည်းလမ်းကို ပြောပြမယ်၊ ဒုတပ်မှုးနဲ့လက်ထောက်ငါးဦးကို ဆင့်ခေါ်လိုက်ပါ တပ်မှုး''

" ဟုတ်ကဲ့''

ထွက်သွားတဲ့တပ်မှုးကိုကြည့်ပြီး ကျန့်ကျန့်ကသက်ပြင်းချတယ်။

ကျန့်ကျန့်က ကိုယ့်နာမည်တောင်မရေးတတ်တဲ့သူ။

ကျန့်ကျန့်ကစာမတတ်ဘူး။

ဒါပေမယ့် ကျန့်ကျန့်က သိမ်ငယ်မှုကိုမခံစားရပါဘူး။

ကျန့်ကျန့်က စာကလွဲရင်အကုန်လုံးတော်တယ်လေ။

တပ်မှုးချန်းက စစ်သူကြီးခိုင်းတဲ့အတိုင်း ကျန်တဲ့အရေးပါသူများကို သွားရောက် ဆင့်ခေါ်ပြီး ရွက်ဖျင်တဲဆီပြန်လာခဲ့လိုက်တယ်။

" စစ်သူကြီး ကျွန်တော်တို့ ဆွေးနွေးကြရအောင်၊ စစ်သူကြီးရဲ့နည်းလမ်းကို ကျွန်တော်တို့သိပါရစေ''

ကျန့်ကျန့်က တပ်မှုးချန်းကို ခေါင်းညိတ်ပြပြီး စဉ်းစားထားတဲ့နည်းလမ်းကို အကြမ်းဖျင်းရှင်းပြလိုက်တော့တယ်။

" ဒီလို..''

.......

တောင်သခင်ကျန်းဟိုင်လျန့် ချယ်ရီပင်အောက်မှာ စာဖတ်နေတဲ့ တပည့်ဖြစ်သူကို အတန်ငယ်ကြာအောင် ငေးကြည့်နေမိတယ်။

တပည့်လေးက မင်ဟွားဆိုတဲ့လစန္ဒာဇာတာနဲ့မွေးလာတဲ့ကောင်လေးကို မေတ္တာသက်ဝင်နေပြီလားလို့ တွေးမိပြန်တော့ ရင်ထဲမှာပူလောင်သွားရတယ်။

The Beautiful Warrior(美丽的战士)Completed Onde as histórias ganham vida. Descobre agora