13.

945 83 12
                                    

စူပုပ်ပုပ်မျက်နှာလေးနဲ့စစ်သူကြီးဟာ စစ်ဗျူဟာကို သေချာရှင်းပြနေတာမို့ အားလုံးက အာရုံစိုက်နေကြရတယ်။

စစ်သူကြီးက ဒီတစ်ခေါက်စစ်ပွဲမှာ တော်တော်လေးဒေါသကြီးနေမှန်း တပ်သားတွေအကုန်လုံးလည်းသိထားပြီးသားပါပဲ။

စစ်ပွဲကအခုချိန်ထိအနိုင်အရှုံးမကွဲပြားသေးတဲ့အပြင် အထိနာတဲ့စစ်သည်တွေသာတိုးလာတာမို့ ကျန့်ကျန့်က စိတ်မရှည်တော့ပေ။

ရက်ပေါင်းရှစ်ဆယ်ကျော်နေပြီ။ တစ်နည်းပြောရရင် တိုက်ပွဲက သုံးလပြည့်တော့မယ်။
နှစ်နဲ့ချီကြာရှည်မယ့် စစ်ပွဲမျိုးကို ကျန့်ကျန့်မလိုချင်ဘူး။ သိုင်းလောကသားနဲ့ကျင့်ကြံသူတွေဝင်မပါတာကိုပဲ ကျေးဇူးတင်ရမလိုလိုနဲ့။

နန်မြစ်ရဲ့သဲသောင်ပြင်ဟာ ဖုန်တထောင်းထောင်း.ထခဲ့ပြီးပြီ။ သွေးတွေချွေးတွေစွန်းထင်းခဲ့ပြီးပြီ။ ဒါပေမယ့် အခုထိ စစ်မီးကမငြိမ်းသေးဘူး။

စစ်ဗျူဟာကို နားထောင်ပြီးသွားတဲ့တပ်မှူးနှစ်ယောက်က ကျန့်ကျန့်ကို အရိုအသေပေးပြီး ရွက်ဖျင်တဲထဲကနေထွက်သွားကြပြီမို့ ကျန့်ကျန့်က အဝတ်တွေလဲလှယ်ပြီး အနားယူဖို့ပြင်ဆင်သည်။

ကုတင်ပေါ်မှာထိုင်နေတဲ့ကျန့်ကျန့်က ခြေထောက်လေးနှစ်ဖက်ကို သစ်သားအင်တုံထဲမှာ ထည့်ပြီး ရေစိမ်ထားသည်။ တပ်မှူးရဲ့နောက်လိုက်ဖြစ်သော အိုက်လေ့က ကျန့်ကျန့်ခြေထောက်ကို အမြဲတစေ သန့်ရှင်းရေးလုပ်ပေးတာဖြစ်သည်။

" အိုက်လေ့..''

" ဟုတ်ကဲ့..စစ်သူကြီး ''

" အချစ်ဆိုတာကိုဘယ်လိုမြင်လဲ?''

အိုက်လေ့နေရာမှာ တခြားလူသာဆိုရင် မေးရိုးနဲ့မျက်နှာနဲ့ အလွန်ကွာဝေးနေတော့မှာအမှန်ပေမယ့် အိုက်လေ့ကတော့ မထူးဆန်းသလိုသာ။

မထူးဆန်းဘူး။ ဟုတ်တာပေါ့ ၊ စစ်ထွက်လာတဲ့သုံးလပြည့်လုပြည့်ခင်ယခုအထိ စစ်သူကြီးမေးလာသမျှက အချစ်အကြောင်းတွေချည်းပဲလေ။

အိုက်လေ့ကလည်း သိသလောက်ပြန်လည်မျှဝေပေးရတာမို့ တစ်ခါတစ်လေ စစ်သူကြီးက သဘောမကျတဲ့အဖြေဖြစ်နေရင် နဖူးကိုလက်ဆစ်နဲ့အသံမြည်အောင်ခေါက်သေးတာ။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now