8.

943 104 10
                                    

" စစ်သူကြီး ..မြို့တော်ကနေ စာချွန်တော်ပို့လာပါတယ်''

ကျန့်ကျန့်က စာကိုလှမ်းယူကာ တစ်ချက်ကြည့်ပြီး
မျက်လုံးလေးလှန်လို့ သက်ပြင်းချမိတော့တာပါပဲ။

ကြည့်ပါအုန်း၊အသုံးမကျတဲ့ဘုရင်က ကျန့်ကျန့်ကို ပြန်လာခဲ့ဖို့ ခေါ်နေပြီ။

မနက်ဖြန်အရောက်လာခဲ့ရမယ်တဲ့။
ဟွန့် ၊ ဒါသည် တမင်သက်သက်ကြီး ကျန့်ကျန့်ကို နိုပ်စက်နေတာနဲ့မတူဘူးလား။

ရှေ့​က စစ်သားငယ်လေးဟာ ကျန့်ကျန့်ကို ကြည့်ပြီး အနေရခက်နေတာမို့ သွားလို့ရပြီဆိုတဲ့အကြောင်းပြောလိုက်တော့ ခပ်သွက်သွက်ထွက်ပြေးသွားလေတယ်။

ဆံပင်တွေအကုန်မြောက်စည်းထားတဲ့ကျန့်ကျန့်က ရှေ့မှ ကပိုကရိုကျနေတဲ့ဆံပင်မျှင်မျှင်တွေကြောင့် အရမ်းချောအရမ်းလှပေမယ့် ကြောက်ဖို့ကောင်းတယ်ဆိုတာ တစ်စစ်တပ်လုံးကသိပြီးသား။

" ပြန်ဆိုတော့လည်းပြန်ရမှာပေါ့ ဖွားဖွားကိုလည်းလွမ်းနေပြီ ၊ ဟိုကောင်တွေကိုလည်းသတိရနေပြီ''

ကျန့်ကျန့်က ပြောရင်းဆိုရင်းနဲ့ပဲ မြားတံတွေနဲ့လေးကိုယူပြီး တောထဲကို သွားဖို့ပြင်ဆင်တယ်။
မျက်နှာကိုလည်း အမဲရောင်ပိတ်စနဲ့တစ်ဝက်တိတိဖုံးကွယ်ကာ မျက်လုံးလေးတွေပဲဖော်ထားလိုက်ပြီး မြင်းတဲဆီကိုထွက်လာခဲ့တယ်။

ကိုယ်ပိုင်မြင်းလေးပေါ်ခုန်တက်လိုက်ရင်း တပ်ထဲက လူတွေကို ဤသို့ အော်ပြောလိုက်တယ်။

" ညီအစ်ကိုတို့အတွက် ဟင်းသွားရှာချေမယ်''

တပ်သားတွေက ခေါင်းလေးတွေခါပြီး ပြုံးမိသွားလေရဲ့။
စစ်သူကြီးအလှလေးက အရမ်းချောအရမ်းလှပြီး စိတ်သဘောထားလည်းကောင်းတယ်။
ဘာတဲ့ဆို ဓားတဝင့်ဝင့်နဲ့ဒေါသကြီးတာကလွဲရင်ပေါ့လေ။

ကျန့်ကျန့်က သားကောင်တွေလာတတ်တဲ့နေရာမှာ စောင့်ပြီး တမှေးအိပ်ဖို့စိတ်ကူးထားတယ်။ ဒါပေမယ့်လည်း မျက်လုံးလေးမှိတ်လိုက်တဲ့အချိန်မှာ နားကကြားလိုက်ရတဲ့ အသံတွေက ဆူညံလွန်းလှတယ်။

The Beautiful Warrior(美丽的战士)Completed Tahanan ng mga kuwento. Tumuklas ngayon