2.

1.4K 141 10
                                    

စစ်မြေပြင်ကို ကလေးခုနှစ်ယောက်ရောက်လာခဲ့ပေမယ့် လူတိုင်းက အလုပ်ရှုပ်နေကြ၍ သတိမထားမိကြပေ။

" သွားပြီ..သွားပြီ ငါတို့နိုင်ငံကို ဟိုဧကရာဇ်ရဲ့လက်ထဲ ထည့်ပေးရတော့မယ်''

လူတစ်ယောက်ရဲ့ ညည်းညူပြောဆိုလာတဲ့စကားကြောင့် ကျန့်ကျန့်တို့တွေဟာလည်း ကလေးငယ်တွေဆိုပေမယ့် မျက်နှာတိတ်တဆိတ်ပျက်ယွင်းသွားရတယ်။

ဘာလို့လဲဆိုတာ ကျန့်ကျန့်တို့သိပြီးသားပဲ။

ကျန့်ကျန့်တို့နိုင်ငံကဘုရင်ကအသုံးမကျတဲ့သူဖြစ်နေတာမဟုတ်လား။

အနိဋ္ဌာရုံတွေပြည့်နေမယ့် စစ်တလင်းရှိရာဆီကို မတိုင်ပင်ပါဘဲ ကလေးခုနှစ်ယောက်ဟာ ပြေးထွက်သွားခဲ့ကြတယ်။

စစ်တလင်းပြင်မှာ ပုံထပ်နေတဲ့အလောင်းတွေနဲ့ဒဏ်ရာရနေတဲ့စစ်သည်တွေကိုမြင်ပြီးတဲ့အခါ

တကယ်ကိုအသုံးမကျတဲ့ဘုရင်ပဲ လို့ ကလေးခုနှစ်ယောက်ဟာ ပြိုင်တူတွေးမိလိုက်တဲ့အထိပါပဲ။ အသုံးမကျတဲ့ ဘုရင်ဟာ တစ်ဖက်ဧကရာဇ်ရဲ့မလှမ်းမကမ်းမှာ ဒူးထောက်အရှုံးပေးနေနှင့်ပြီဖြစ်တာကြောင့်လည်း ကလေးငယ်ခုနှစ်ယောက်ဟာ ဒေါသထွက်သူကထွက် ဝမ်းနည်းတဲ့သူကဝမ်းနည်းဖြစ်ကုန်ရတယ်။

ကျန့်ကျန့်ဟာ တစ်ဖက်က ဧကရာဇ်ရဲ့ပြုံးနေတဲ့မျက်နှာကိုကြည့်ကာ ဒေါသတွေဆူပွက်ပြီး မျက်ဝန်းတွေနီရဲလာခဲ့၏။

ထိုဧကရာဇ်ရှိရာဆီ တဟုန်ထိုးပြေးဝင်ပြီး ဒေါသအလျောက်စိတ်လိုလက်ရပြုမူလိုက်မိတဲ့အခါ...။

ဗုတ်ခနဲပုတ်ကျသွားတဲ့ တစ်ဖက်ဧကရာဇ်ရဲ့ဦးခေါင်း။

ကျန့်ကျန့်က အံ့သြမှုအပြည့်နဲ့ ညာဘက်လက်ကိုပြန်ငုံ့ကြည့်လိုက်မိတော့ ကျန့်ကျန့်ရဲ့ညာဘက်လက်ထဲမှာ ဓားရှည်တစ်ချောင်းဟာ သွေးတွေစွန်းငြိကာ ဝံ့ဝံ့ကြွားကြွားတည်ရှိနေခဲ့လေရဲ့။

" ဒီဓားက..ဘယ်အချိန်မှာ ငါ့လက်ထဲရောက်လာခဲ့တာလဲ''

ကျန့်ကျန့်က ရေရွတ်လိုက်ရင်း တအံ့တသြဖြစ်နေတဲ့ တစ်ဖက်စစ်သည်တွေရဲ့ရှေ့မှာ ခေါင်းတခြားကိုယ်တခြားဖြစ်နေတဲ့ဧကရာဇ်ရဲ့အလောင်း ကို ကြည့်ပြီးသက်ပြင်းချလိုက်သည်။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now