9.

914 91 8
                                    

ရွှယ်ယိမန်တောင်ထိပ်ဟာ အရင်ကထက်ပိုမိုလို့တိတ်ဆိတ်နေလေတယ်။ ဆရာသခင်ဟာ သစ်တော်ပင်ရင်းမှ ကျောက်ဖျာပေါ်မှာ တရားကျင့်ကြံနေတာဖြစ်ပြီး ရိပေါ်က နံဘေးမှာ ငြိမ်သက်စွာ ထိုင်နေတာဖြစ်တယ်။

" ရိပေါ်..''

အသံဟာ ကြည်လင်ပြတ်သားလှတာမို့ ရိပေါ်က ဆရာသခင်ကို မတ်တပ်ရပ်ပြီးအရိုအသေပေးလိုက်သည်။

" ဆရာသခင် ကျွန်တော် တောင်အောက်မှာ မိစ္ဆာနဲ့တွေ့ခဲ့တယ်''

" သူက အနီနဲ့အနက်ရောင်တွဲဝတ်ထားတဲ့ဒုံမင်းစောင်းကိုင်ထားသူ မဟုတ်လား''

" ဆရာသခင်သိတယ်?''

" သိတာပေါ့  သူက ဟုန်းယန်ဟော်လေ ၊ သူက ဆရာ့ကို လိုက်ပြိုင်နေတဲ့ လမ်းမှားကျင့်ကြံသူပဲ''

".........''

" သူ့လက်ထဲကနေ ဘယ်လိုလွတ်မြောက်လာတာလဲ''

" ရိပေါ်မသိလိုက်ပါဘူး ၊ ရိပေါ်ကို တခြားသူက ကယ်တင်သွားတာပါ''

"......''

ဆရာသခင်ကပြုံးတုံ့တုံ့နဲ့နေပေမယ့် ရိပေါ်ကို စကား ဆက်မပြောဘဲ ငြိမ်နေတော့တယ်။ ရိပေါ်က မလုံမလဲဖြစ်နေရင်းနဲ့ ဆရာသခင်ကို ခွင့်​တစ်ခုတောင်းဖို့ ဆုံးဖြတ်လိုက်သည်။

" ဆရာသခင် ရိပေါ်ကို ထူရှန်းမြို့ကိုသွားခွင့်ပြုပါလား ၊ သူ့မျက်နှာလေးကို မြင်တွေ့ချင်မိရုံသက်သက်ပါပဲ''

" သေချာလား ၊ မြင်တွေ့ချင်တာတစ်ခုတည်းဆိုတာ''

"ဟုတ်ကဲ့ ..ရိပေါ် ကျိန်ပြောရဲပါတယ်''

" ဆရာ မင်းကိုယုံကြည်လိုက်မယ် ရိပေါ်''

" ကျေးဇူးတင်ပါတယ် ဆရာသခင်''

ရိပေါ်ဟာ ဆရာသခင်ကို ကျေးဇူးတင်ကြောင်းပြောပြီး ခန်းဆောင်လေးဆီပြေးသွားလေတယ်။ ဆရာသခင်ဟာ တပည့်ဖြစ်သူရဲ့ ဇွဲရှိလှတဲ့စိတ်ဓာတ်နဲ့ နှလုံးသားကို တွေးပြီး သက်ပြင်းချမိလေတော့တယ်။


အပြာရောင်ဝတ်စုံကိုဝတ်ပြီး ဝါးခမောက်လေးကိုဆောင်းထားတဲ့ရိပေါ်ဟာ တောင်​အပြင်ဂိတ်တံခါးဝမှာ ခဏလေးရပ်နေမိရင်း ပြုံးနေမိပါသည်။

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now