12.

932 86 11
                                    

ကျန့်ကျန့်နဲ့ဘုရင်ဝိမ်းချောင်ဟာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဧည့်ဆောင်မှာစကားပြောနေကြသည်။
ဘုရင်ဝိမ်းချောင်ဟာ အနည်းငယ်မျက်နှာမကောင်းသလို ကျန့်ကျန့်ကလည်း မျက်​ခုံးတွေတွန့်ကျိုးနေခဲ့သည်။

" ..ဘယ်လိုလုပ်ကြမလဲ..ကျန့်ကျန့်လေး''

" အင်အားကြီးတဲ့ နိူင်ငံနှစ်ခုက ပူးပေါင်းပြီး နိုင်ငံပေါက်စနလေးကို သိမ်းမယ်ဆိုတာ တစ်ဖက်မှာတော့ သူတို့အဖြစ်မရှိဘူးဆိုတာဝန်ခံလိုက်တာပဲ''

ရှီးလျန်၊ချူးသုန်း၊မျဲ့ဟေး သုံးနိုင်ငံက မဟာမိတ်တွေဆိုတာ အိမ်နီးချင်းနိုင်ငံအားလုံးသိပြီးသား။
အခုက ကျန့်ကျန့်တို့ထူရှန်းနိုင်ငံသေးသေးလေးကို လုဖို့ ပြင်ဆင်နေတာက တမင်အရူးကွက်နင်းတာပဲ။

".....''

" ပြီးတော့ ကျန့်ကျန့်အထင် သူတို့က ဒီနိုင်ငံတော်ကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး..သူတို့ပစ်မှတ်က ကျန့်ကျန့်ပဲ ''

ဘုရင်ဝိမ်းချောင်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး ကျန့်ကျန့်ဆီငေးကြည့်လာခဲ့လေတယ်။
ကျန့်ကျန့်က စိတ်ပါလက်ပါခနဲ့အပြုံးလေးတစ်ခုပြုံးပြီး အပြင်ဘက်က နွေဦးရွက်ဝါတွေကို ငေးကြည့်နေသည်။

" ပြန်ပြောလိုက်ပါ..ဒီစစ်ကို ကျန့်ကျန့်ကလက်ခံတယ်ဆိုတဲ့အကြောင်းနဲ့ မကြာခင် နန်မြစ်သဲသောင်ပြင်မှာ ဆုံတွေ့ကြမယ်ဆိုတဲ့အကြောင်း''

နူးညံ့သည့်ပုံသွင်းထားတဲ့ ကျန့်ကျန့်ရဲ့ခန္ဓာကိုယ်မှာ အေးစက်သည့်လေထုနဲ့ ရက်စက်တဲ့အရှိန်အဝါတွေပြည့်နှက်သွားလေတာမို့ ဝိမ်းချောင်က ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေမိသည်။

............

ဘုရင်ဝိမ်းချောင်ပြန်သွားပြီမို့ ကျန့်ကျန့်က အထုပ်တွေပြင်ကာ စစ်စခန်းဆီသို့ ပြန်ဖို့ လုပ်ရသည်။ ဖွားဖွားကတော့ ဘုရင်ကြီးကို ကျိန်ဆဲလို့မပြီးနိုင်ချေ။

" အသုံးမကျတဲ့ဝိမ်းချောင် သူတောင်းစားလေး၊ ငါ့မြေးကိုကျ အတင်းခိုင်းစားနေပြီး ငါ့ကိုကျတော့ မိဖုရားမမြောက်ဘူး ''

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now