11.

929 91 11
                                    

စစ်သူကြီးအိမ်တော်ကိုပြန်ရောက်တာနဲ့ ကျန့်ကျန့်က ကိုယ်ပိုင်ခန်းဆောင်လေးဆီ ပြေး​သွားလေတာမို့ ပန်းထိုးနေသော ဖွားဖွားက အထူးတဆန်းဖြစ်လို့နေ၏။

ခန်းဆောင်တံခါးကိုဝုန်းခနဲပိတ်ကာ ဓားကိုသေချာ​ပြန်ထားပြီး အိပ်ယာပေါ်မှာ အသာလှဲချလိုက်တော့ စိတ်ထဲက နည်းနည်း​တည်ငြိမ်သွားသယောင်။

ကျန့်ကျန့်မှာ ကျီစယ်လှောင်ပြောင်ဖို့ကြိုးစားနေတဲ့ သူငယ်ချင်းတစ်သိုက်ကို မျက်လုံးပြူးပြအံကြိတ်ပြပြီး အိမ်တော်ကိုလှည့်ပြန်ခဲ့တာ။ သူတို့တွေ ဘယ်လိုကျန်ခဲ့ပါစေ ကျန့်ကျန့် စိတ်ပူမနေပါ။

" ဟိုတစ်ယောက် .. အဲ့တာက ဟိုတစ်ယောက်များဖြစ်နေမလား ''

ကျန့်ကျန့်က အသံပိုင်ရှင်ကို စဉ်းစားမိသွားတော့ ပါးနှစ်ဖက်ဟာ နွေးသိမ့်သိမ့်နဲ့။ ရင်ဘတ်ထဲက အသည်းနှလုံးဟာလည်း တုန်ခါလှုပ်ခတ်နေလိုက်သေးတာ။

ကျန့်ကျန့်က အိပ်ယာကနေ ဆတ်ခနဲထကာ ကြေးမုံတင်ထားတဲ့ စားပွဲပုလေးရှေ့ထိုင်လိုက်တယ်။

တကယ်ကြီး တကယ်ကြီးကို ကျန့်ကျန့်ရှက်နေမိတာလား။ ကြေးမုံဝါဝါထက်မှာ ကျန့်ကျန့်ရဲ့ပုံရိပ်လေးဟာ ပြုံးစိစိနဲ့ နီမြန်းနေလိုက်တာဆိုတာ။

ကျန့်ကျန့်က အဝတ်အစားတွေချွတ်ခွာပြီး ရေတစ်ခါထပ်ချိုးဖို့ ပြင်ဆင်လိုက်ပါရဲ့။ ပူနွေးနေတဲ့ခန္ဓာကိုယ်လေး အေးမြသွားလိုငြား။

........

မင်ဟွား...။
သိပ်ကိုချောမော​သော ရှောင်မင်ဟွားလေးဟာ မျက်စိရှေ့က လူကိုငေးကြည့်နေမိပါတယ်။

ဒီမျက်နှာဖုံးကို မင်ဟွားမှတ်မိပါတယ်။
မင်ဟွား ရင်ထဲမှာ ယနေ့ထက်ထိတိုင် နေရာယူထားသော လူသားမဟုတ်ပါလား။

" ဒီမှာ..''

မင်ဟွားကိုလှည့်ကြည့်လာသော မျက်လုံးတွေဟာ အရင်ကလို စူးရှမြဲ၊ကြည်လင်မြဲပါ။
တကယ်ပဲ ထိုလူသားက မင်ဟွားရဲ့ရင်ဘတ်ထဲမှာနေရာယူနေခဲ့သူပါပဲ။

" ငါ့ကို သိလို့လား''

" ဒီ .. နေမင်းပုံစံ ကျောက်စိမ်းပြားလေးကို သင်ဝယ်ချင်နေတာမဟုတ်လား''

The Beautiful Warrior(美丽的战士)Completed Where stories live. Discover now