အပိုင်း ၂

292 29 0
                                    

Uni

ဟယ်လို မစ္စတာ ကျိုး

အပိုင်း ၂

သူမ အသွင်အပြင်နဲ့ဆိုရင် သူမက အမျိုးသမီးကြယ်ပွင့်ဖြစ်ဖို့ အရည်အချင်းပြည့်မီသည်။ ဒါပေမယ့် အဲ့အစား သူမက အရေးမပါတဲ့လက်ထောက်လုပ်နေတယ်။

ကျန်းရှောင် ပြုံးလိုက်သည်။ "ငါ့ရဲ့ စရိုက်နဲ့ မသင့်တော်ဘူး"

 "သင့်လျော်တာ မသင့်တော်တာဆိုတဲ့ အဲ့လိုဟာတွေရှိသေးလို့လား။ ဒီစက်ဝိုင်းထဲက လူတိုင်းကမွေးကတည်းက သင့်တော်မယ်လို့ထင်လား။ နင် စမ်းကြည့်ချင်ရင်တော့ ငါနင့် အကြံပေးနိုင်တယ်"

ကျန်းရှောင်က ခေါင်းကို တင်းတင်း ယမ်းပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ရှင်းရန်၊ ဒါပေမယ့် ငါ့ရဲ့ ရည်မှန်းချက်က ဒီနယ်ပယ်မှာ မဟုတ်ဘူး။ ငါ့ရဲ့ဘဝမှာ ဘယ်တော့မှ နာမည်ကြီးတစ်ယောက် မဖြစ်ချင်ခဲ့ဘူး"

ကျောက်ရှင်းရန် မျက်မှောင်ကြုတ်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "နင် ဥက္ကဌ ကျိုးကို သိလား။ ငါတို့ ဥက္ကဌ ကျိုးလေ "

ကျန်းရှောင် အံ့သြသွားပြီး ခေါင်းခါလိုက်သည်။ "ဟင့်အင်း၊ ငါ သူ့ကိုမသိဘူး"

ကျောက်ရှင်းရန် ဇာတ်ညွှန်းကိုပိတ်ပြီး စကားပြောလိုက်သည်။ "ကောင်းပါပြီ၊ နင် နေလို့မကောင်းရင် စောစောပြန်သင့်တယ်နော်။ နင် ဒီရက်တွေမှာ နေရာရွှေ့ဖို့လုပ်နေရတာပဲ။ ပြီးတော့ ငါ့ဆီမှာလည်း ဘာမှလုပ်စရာမရှိဘူး။ ဒါကြောင့်မို့ နင့်ကို နှစ်ရက်အနားပေးလိုက်မယ်"

 ကျန်းရှောင် နေရာရွှေ့ဖို့အကြောင်း တွေးရင်း ခေါင်းကိုက်သွားသည်။ ကောလိပ်မှ ဘွဲ့ရပြီးသားသူများအတွက် ကျင်းချန်ရှိ အိမ်ယာစျေးနှုန်းတွေက မသက်သာလှပေ။  

သူမရဲ့ကိုယ်ပိုင်ဝင်ငွေပေါ် အခြေခံပြီး ဒီမှာနေဖို့က မလွယ်ဘူး။ ကံကောင်းထောက်မစွာ သူမသည် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး သုံးလစာငှားရမ်းခကို ကာမိနိုင်သည့် ငွေအချို့ကို စုဆောင်းခဲ့သည်။


ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now