အပိုင်း ၂၅

75 6 0
                                    

Uni

အပိုင်း ၂၅




 သူမမျက်နှာကို သူ့ပခုံးမှာ မြှုပ်ထားပြီး သူမ ပိုပြီး တင်းတင်းကျပ်ကျပ် တွယ်ကပ်ထားသည်။

 "မထားခဲ့ပါနဲ့" သူမရဲ့ပုံစံက ရေပေါ်ကသစ်တုံးတစ်တုံးကို ဆွဲကိုင်ထားပြီး မလွှတ်ပေးနိုင်သလိုပင်။ စကားလုံးကင်းမဲ့သော လုံခြုံမှုခံစားမှုသည် သူမ၏နှလုံးသားထဲသို့ တဖြည်းဖြည်း နက်ရှိုင်းလာသည်။

 "ကိုယ်ရှိတယ်နော်" ကျိုးရှို့လင်းက သူ့ကို မိနစ်အနည်းငယ်ကြာ ပွေ့ဖက်ဖို့ ခွင့်ပြုခဲ့သည်။ အထူးသဖြင့် ညဝတ်ဂါဝန်ကိုသာ ၀တ်ထားသည့် မိန်းကလေး၏ ခန္ဓာကိုယ် နူးညံ့မှုကို မျက်ဝါးထင်ထင် ခံစားလိုက်ရသည်။ 

သူ့အား လွှမ်းခြုံထားသည့် နွေးထွေးသော အသက်ရှုသံကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး လေကပင်အေးချမ်းတဲ့ရနံ့ကို သယ်ဆောင်လာသည်။

ကျန်းရှောင်ရဲ့ စိတ်ခံစားမှုတွေ တဖြည်းဖြည်း ငြိမ်သက်သွားကာ “ဘယ်အချိန်ရှိပြီလဲ” လို့ မေးလိုက်သည်။

 "ငါးနာရီကျော်နေပြီ" ကျိုးရှို့လင်း ကိုယ့်ဘာသာကိုထိန်းထားပြီး သူ့အသံက အံ့သြစရာကောင်းလောက်အောင် နူးညံ့သည်။  

"မင်း အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ"

 "ကျွန်မ ပြန်ရောက်ကတည်းက အိပ်ပျော်သွားတာ" သူမ သူ့ရင်ခွင်မှ ထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသော နွေးထွေးမှုကို ခံစားနိုင်ပုံရသည်။

 "ထပြီး လှည့်ပတ်ကြည့်လိုက်။ အရမ်းအိပ်ထားရင် ညဘက် အိပ်မပျော်ဘဲ နေမယ် "

ကျန်းရှောင် သူ့ကို တိတ်တဆိတ် စိုက်ကြည့်ပြီး မျက်နှာက ရှက်သွေးဖြာလာသည်။ “ကျွန်မ အဝတ်စားလဲရဦးမယ်…” 

သူမ ကိုယ်ပေါ်မှာ ဘရာစီယာပင် မဝတ်ထားပေ။ သူမ အိပ်နေတာကြောင့် ချိတ်ကိုဖြုတ်ပြီး ကုတင်ဘေးစားပွဲပေါ်တင်ထားခဲ့သည်။

ကျိုးရှို့လင်းလည်း အဲ့တာကို မြင်သွားလောက်တာကို သူမ သိသည်။

ကျိုးရှို့လင်း၏ အကြည့်တွေက နက်ရှိုင်းလာသည်။ သူထပြီး တံခါးဆီသို့ လျှောက်သွားကာ သူမရဲ့ အဝေးကို လှည့်လိုက်သည်။ သူစကားပြောရင်း လည်ချောင်းကိုလှုပ်ရှားခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now