အပိုင်း ၁၂

185 19 1
                                    

Uni

ဟယ်လို မစ္စတာ ကျိုး

အပိုင်း ၁၂




ကျိုးရှို့လင်း လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ဒီလက်ဖက်ရည်က အနည်းငယ်ချိုတဲ့အရသာရှိသည်။ “အဖေနဲ့အမေ၊ ကျွန်တော် အသက် ၂၈ နှစ်မပြည့်ခင်မှာ လက်ထပ်ဖို့ ပလန်ချထားပြီးသား၊ ပြီးတော့ ကျွန်တော် အခု right person ကို ရှာတွေ့သွားပြီ"

 "ဒါ​ပေမယ့်​ ငါတို့ သူ့အ​ကြောင်း ဘာမှမသိ​သေးဘူးလေ"

 "ကျွန်တော့်ရဲ့ လူကဲခတ်နိုင်စွမ်းကို မယုံဘူးလား"

 “ဒါက…” မေမေကျိုးသည် စကားကြောင့် ပျောက်ရှသွားခဲ့သည်။ ဟုတ်ပါတယ် သူမ သူ့ကိုယုံတာပေါ့။

 "အင်း၊ ကျွန်တော် သူ့ကို ဒီအပတ်ထဲမှာ အဖေ၊ အမေတို့နဲ့တွေ့ပေးဖို့ ခေါ်လာခဲ့မယ်" လို့ ကျိုးရှို့လင်းက ပြောလိုက်သည်။

မေမေ ကျိုးက ရယ်ရမလို ငိုရမလိုဖြစ်နေသည်။ "မင်းတို့ရဲ့ အိမ်ထောင်ရေးအတွက် ငါတို့ကိုတော့ စိတ်ပူရအောင်မလုပ်မိစေနဲ့။ သူမက အသက်ဘယ်လောက်ရှိပြီလဲ။ ဘာအလုပ်လုပ်လဲ။ သူမက ဘယ်ကလဲ"

ကျိုးရှို့လင်းသည် သူ့အမေက အခြားအမျိုးသမီးတွေနဲ့တူကြောင်း သိထားပြီး သူ၏အနာဂတ်ဇနီးသည်ကို မလွှဲမရှောင်သာ သိချင်သောကြောင့် သူမရဲ့ မေးခွန်းအားလုံးကို တစ်ခုပြီးတစ်ခု ဖြေခဲ့သည်။ တစ်ဖက်တွင် ဖေဖေကျိုးသည် ငြိမ်သက်နေပြီး သူ့လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။

 အသေးစိတ်ကိုကြားပြီးနောက် မေမေ ကျိုးက စကားပြောလိုက်သည်။ "သူမက ယန်ယန် နဲ့ အသက်တူတူပဲ၊ ကောလိပ်ကျောင်းပြီးခါစလေးပဲရှိသေးတယ်။ ဒီကလေးမလေးက ငါ့သားကို ဘယ်လိုများဖမ်းလိုက်တာလဲ "  

သူမ စူးစမ်းချင်စိတ်ကို မထိန်းနိုင်ခဲ့ပေမယ့် နောက်ထပ်မေးခွန်းတွေကိုတော့ ထပ် မမေးတော့ပေ။

ကျိုးရှို့လင်း အိမ်မှာ ညစာမစားခဲ့ဘူး။ မေမေ ကျိုးက အားကိုးရာမဲ့နေခဲ့သည်။ "နောက်ဆုံးတော့ ငါ့သား အိမ်ထောင်ကျတော့မယ် ဒါပေမယ့် ငါ တစ်ခုခုတော့ မမှန်ဘူးလို့ ငါဘာလို့ ခံစားရတာလဲ"

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now