အပိုင်း ၃၂

113 11 0
                                    

အပိုင်း ၃၂


ကျောက်ရှင်းရန်က သူတို့နဲ့ အောက်ထပ်ကို လိုက်လာခဲ့သည်။ "လက်ထောက် ကျန်း ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"

ကျန်းချင် ခဏမျှ စဉ်းစားလိုက်သည်။ "ရှင်းရန်၊ မင်းပြန်သင့်တယ်။ မင်းက နာမည်ကြီးတစ်ယောက်။ ပြီးတော့ ဆေးရုံမှာ မင်းကို ဖျော်ဖြေရေး သတင်းထောက်တွေ တွေ့သွားရင် မကောင်းဘူး"

 "ဒါပေမယ့်..."

 "ကျွန်တော် ကျန်းရှောင်ကို ဆေးရုံ ခေါ်သွားလိုက်မယ်။ စစ်ဆေးပြီးသွားရင် မင်းကို ဆက်သွယ်လိုက်မယ်"

ကျောက်ရှင်းရန်က အားနည်းနေတဲ့ ကျန်းရှောင်ကို ကြည့်ကာ သူမက လက်ထောက်ကျန်းနှင့် ဤမျှ ကောင်းမွန်သော ဆက်ဆံရေးရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။  

 ဆေးရုံ၌ ကျန်းရှောင်ကို အရေးပေါ်ခန်းဆီ ခေါ်သွားခဲ့သည်။ သူနာပြုက စစ်ဆေးပြီး “ဘယ်နားက နာတာလဲ” လို့ မေးခဲ့သည်။

ကျန်းချင် လျင်မြန်စွာပြန်တုံ့ပြန်ခဲ့သည်။ "သူမ က ကိုယ်ဝန် ၁၁ ပတ်ရှိနေပြီ။ ခါးကို ထိခိုက်သွားတယ်"

 သူနာပြုဆရာမက အနီးနားရှိလူကို ပြောလိုက်သည်။ "ဒေါက်တာချန်ကို အကြောင်းကြားပေး " 

 ထို့နောက် သူမက ကျန်းရှောင်ကို နှစ်သိမ့်ပေးလိုက်သည်။ "မကြောက်ပါနဲ့။ သွေးထွက်တာမရှိဘူး။ အေးအေးဆေးဆေးပဲ"

 ထိုအချိန်တွင် လူလတ်ပိုင်းဆရာဝန်တစ်ဦး ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာခဲ့သည်။ "ဘာဖြစ်တာလဲ"

 သူနာပြုဆရာမက ပြောလိုက်သည်။ "ကိုယ်ဝန်ဆောင်အမျိုးသမီးပါ ခါး ထိခိုက်ထားတယ်"

 ဒေါက်တာ ချန် ပြောလိုက်သည်။ "မြန်မြန်၊ သူမကိုစစ်ဆေးဖို့အထဲခေါ်သွား " 

 ကျန်းရှောင်၏ ဖြူဖျော့နေတဲ့မျက်နှာက တင်းမာမှုများနှင့် ပြည့်နှက်နေသည်။ သူမ ရုတ်တရက် ကြောက်လန့်တကြားဖြင့် ဆရာဝန်ရဲ့ အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။ 

 "ဒေါက်တာ ကျွန်မ ဒီကလေးကို လိုချင်တယ်။ ကျွန်မ သူ့ကို မဆုံးရှုံးချင်ဘူး..."

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now