အပိုင်း ၁၁

181 15 0
                                    

Uni

ဟယ်လို မစ္စတာ ကျိုး



ကျန်းရှောင်မှာ သူမရဲ့ဖုန်းကိုသုံးနေဆဲဖြစ်ပြီး ကျောက်ရှင်းရန်မှာ အစီအစဉ်ရိုက်ကူးရာတွင် ကောင်းမွန်နေပုံရပြီး ဒီနေ့ Weibo မှာ ပိုစ့်တင်ထားသည်။ တံခါး ခေါက်သံကြားတော့ "ရှင်တစ်ခုခု လိုချင်လို့လား" ဟုမေးလိုက်သည်။

ကျိုးရှို့လင်း အသက်ပြင်းပြင်းရှူလိုက်သည်။ "စောစောအိပ် "

 "အိုး အိုခေ " ကျန်းရှောင် အချိန်ကို စစ်ကြည့်လိုက်တော့ ၁၁:၄၀ ဖြစ်နေပြီ။ သူဌေးဖြစ်ရတာ မလွယ်ဘူး ညဉ့်နက်တဲ့အထိ အချိန်ပို အလုပ်လုပ်နေရတယ်။

 သူမ ကျောက်ရှင်းရန်၏ ပံ့ပိုးကူညီမှုအသင်းအကောင့်သို့ဝင်ရောက်ကာ ပို့စ်များကိုပြန်တင်ပြီး ပိုစ့်တွေကို လိုက်ခ်ပေးကာ အောက်က ပရိသတ်တွေနဲ့ အပြန်အလှန်တုံ့ပြန်ခဲ့သည်။ နာမည်ကြီး လက်ထောက်တစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ဘူး။

 တိုက်ခန်းမှာ ရေချိုးခန်းနှစ်ခန်းပါသည်။ မာစတာအိပ်ခန်းတစ်ခန်းနှင့် ကျိုးရှို့လင်းက အခြားတစ်ခန်းကို အသုံးပြုနေသည်။  

 သူရော သူမရော နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ရင်းနှီးဖို့ အချိန်လိုသည်။

 နောက်တစ်နေ့၌ ကျန်းရှောင် နိုးလာသောအခါ ကျိုးရှို့လင်းက မနက်စာကို စားပွဲပေါ်မှာ ခင်းကျင်းထားပြီး ထမင်းစားခန်းတွင် ထိုင်နေပြီဖြစ်သည်။

 "အိပ်လို့ပျော်ရဲ့လား"လို့ သူမေးလိုက်သည်။

 ကျန်းရှောင် ခေါင်းညိတ်ပြလိုက်သည်။

 "မင်း မျက်နှာကို အရင်သွားသစ်လိုက်၊ ပြီးရင် မနက်စာစားကြမယ်"

 ကျန်းရှောင် ထိုနေရာတွင် ရပ်နေသည်။ "ဒါ ရှင်လုပ်ထားတာလား"

 သူ ပြုံးလိုက်သည်။

 နေ့သစ်တစ်နေ့၊ ပထဦးဆုံးစတင်ခြင်း။

ကျန်းရှောင် စားပွဲမှာ ထိုင်လိုက်ပြီး ကျိုးရှို့လင်းက သူမကို စောင့်နေသည်။ သူ ဖြည်းဖြည်းချင်း
 စကားပြောလာခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Dove le storie prendono vita. Scoprilo ora