အပိုင်း ၃၁

85 5 0
                                    

အပိုင်း ၃၁



 ကျိုးရှို့လင်း ဖြည်းညှင်းစွာ ထလိုက်ပြီး သူ့လက်တွေက သူမခါးကနေ ပခုံးဆီ ရွေ့လျားသွားခဲ့သည်။ "ကိုယ် မနက်ဖြန် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ် သုံးရက်အတွင်း ပြန်လာမယ်။ ကုမ္ပဏီကိစ္စအတွက် ကျန်းချင်နဲ့ အိမ်ကိစ္စတွေအတွက် အမေ့ကို ဒါမှမဟုတ် အန်တီ လျို ကို တိုင်ပင်လို့ရတယ်"

ကျန်းရှောင် တိုးတိုးလေးပြောလိုက်သည်။ "ကျွန်မ သိပါတယ်၊ ရှင် စိတ်ချထားလို့ရတယ်"

 ကျိုးရှို့လင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ "မင်းမှာ ကိုယ့်ကို​ တစ်ခုခုပြောချင်​တာရှိလား"

 ကျန်းရှောင် သူမ နှုတ်ခမ်းကို ဖိလိုက်သည်။ "မစ္စတာ ကျိုး၊ ရှင်အကောင်းဆုံး လုပ်နိုင်ပါစေလို့ ကျွန်မဆုတောင်း..."

ကျိုးရှို့လင်းက သူမကို စကားဆက်မပြောခိုင်းဘဲ နှုတ်ခမ်းကို တိုက်ရိုက်နမ်းလိုက်ပြီး နောက်ထပ် သူ မထိန်းချုပ်ထားနိုင်တော့ပေ။ ဒါက တစ်ညလုံး သူလုပ်ချင်ခဲ့တာ။

 သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ လူတစ်ယောက်က အမြဲတမ်း အစပြုလုပ်ဆောင်ရမှာဖြစ်သလို အဲ့ဒီလူက ကျန်းရှောင် ဖြစ်မလာဘူးဆိုတာ သေချာသည်။ ဒါ သူပဲဖြစ်နိုင်သည်။

ထိတ်လန့်တကြားနဲ့ ကျန်းရှောင် သူ့အင်္ကျီကို ဆွဲကိုင်လိုက်သည်။ "အွန့်-"

 ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ရယ်ရင်း သူ့ လှုပ်ရှားမှုကို အနည်းငယ် ခေတ္တရပ်တန့်လိုက်ပြီး သူ့နှာခေါင်းနဲ့ သူမနှာခေါင်းကို ထိလိုက်သည်။ "ဘာလို့ မင်း ခုထိ မသင်​​ယူရသေးတာလဲ"

 ကျန်းရှောင်ရဲ့ မျက်လုံးတွေ စိုစွတ်လာသည်။ ဟုတ်တယ်၊ သူမမှာ ဒီလိုမျိုးနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိဖူးပေ။

ကျိုးရှို့လင်းရဲ့ အနမ်းက တစ်ဖန်ပြန်လည်ကျဆင်းလာပြီး သူတို့၏အသက်ရှူသံတွေက တဖြည်းဖြည်းနှင့် ပြောင်းလဲလာခဲ့သည်။  

သူ့လက်တွေက သူမရဲ့အဝတ်အစားတွေအောက်မှ စူးစမ်းလေ့လာရန် မကူညီနိုင်ခဲ့ဘဲ သူ၏ ပူနွေးတဲ့လက်ချောင်းထိပ်တွေက သူမရဲ့အရေပြားပေါ်တွင် တက်သွားကာ ကျန်းရှောင်ကို တောင့်တင်းသွားစေသည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now