အပိုင်း ၂၈

68 3 0
                                    

အပိုင်း ၂၈


ကျိုးယန်ယန် အသက်ပြင်းပြင်းရှူရင်း သူမရဲ့အသံက ပြန်လည် ငြိမ်သက်သွားသည်။ "အစ်ကို။ ညီမ အသံသင်ခန်းစာ ပြီးသွားပြီ လာကြည့်ပေးဦး"

 ကျန်းရှောင် တက် ခနဲအသံထွက်သွားသည်။  ဒါဆို ကျိုးယန်ယန်လည်း အဆိုတော်ဖြစ်လာတော့မည်။ သူမ မောင်နှမနှစ်ယောက်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ အစ်ကိုဖြစ်သူရဲ့ ဗီဇက ကြီးစိုးလွန်းနေပုံရပြီး ညီမဖြစ်သူနဲ့ယှဥ်လိုက်ရင် သူမက သာမန်ဖြစ်နေသည်။ 

 သူတို့နောက်ဆုံးတွေ့ခဲ့တာက လဝက်ကျော်သာကြာသွားပေမယ့် ကျိုးယန်ယန်ကတော့ တော်တော်လေးကို ပြောင်းလဲသွားသည်။ 

သူမက ဆံပင်တိုတို ညှပ်ထားပြီး မိတ်ကပ်လိမ်းတာ ပိုလှလာသည်။ အနုပညာနယ်ပယ်တွင် ချောမောတဲ့ အမျိုးသားတွေနဲ့ ချောမောလှပတဲ့ အမျိုးသမီးတွေ ဘယ်သောအခါမှ ကင်းမဲ့မနေပေမယ့် သဘာဝ အလှတရားတွင် သူမရဲ့အားသာချက်တွေရှိသည်မှာ သံသယရှိစရာပင်။

ကျိုးရှို့လင်းပြောလိုက်သည်။ "ယန်ယန်၊ မလောနဲ့ "

ကျိုးယန်ယန် သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်၊ ညီမစိတ်ပူနေတယ်။ ကြည့်လိုက်လေ၂၀၀၀ နောက်ပိုင်း မျိုးဆက်တွေတောင် ပွဲဦးထွက်ထားပြီး ၉၀ခုနှစ်ဖွား အစ်မ တစ်ယောက်အနေနဲ့ ဖိအားတွေ အများကြီးခံစားရတယ်။ အစ်ကို၊ ဟွားရှက နာမည်ကြီး လူကြိုက်များတဲ့ ဝတ္ထုတွေ အများကြီး ဝယ်ထားတယ်လို့ကြားတယ်"
 "ယန်ယန်၊ ငါ မင်းကို အရင်ကလည်းပြောထားပြီးသား။ ဒီမှာ ဖြတ်လမ်းမရှိဘူး"

ကျိုးယန်ယန် မျက်မှောင်ကြုတ်ပြီး ကျန်းရှောင်ကို လက်ညှိုးထိုးလိုက်သည်။ "ဒါဆို သူမကိုကျတော့ ဘာလို့ ဒီမှာနေခွင့်ပေးတာလဲ"  

သူမရဲ့ လေသံမှာ အထင်အမြင်သေးမှု အပြည့်ရှိနေသည်။

ကျိုးယန်ယန် ထွက်သွားသည်နှင့် ကျန်းရှောင် ပစ္စည်းတွေကို စိတ်မဝင်စားတော့ပေ။ သူမ စပ်စုခဲ့သည်။ "ရှင် သူမကို ဘယ်လို မြှင့်တင်ဖို့ အစီအစဉ်ရှိလဲ"

 ကျိုးရှို့လင်းက သူ့နဖူးကို နှိပ်နယ်ခဲ့သည်။ "သူက ကုမ္ပဏီကထုတ်တဲ့ တီဗီဒရာမာနှစ်ခုအတွက် ဇာတ်ဝင်သီချင်းကိုဆိုမှာ"

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now