အပိုင်း ၂၀

225 14 1
                                    

Uni

အပိုင်း ၂၀


"ရှင် လူတွေကို ဘယ်အချိန်က စပြီး အပြင်းအထန်လှည့်စားတတ်လာတာလဲ" ချန်းရင်က သူ့ကို နှစ်ပေါင်းများစွာ သိထားခဲ့ပြီး သူမ စကားတွေကို ဘယ်တော့မှ ထိန်းမထားခဲ့ချေ။

 "ဘာလဲ။ မင်း ကုမ္ပဏီက လူတွေကို ငါလုယူသွားမှာ ကြောက်နေတာလား"

ချန်းရင် ပခုံးတွန့်လိုက်သည်။ "ကျွန်မက ရှင် အဲ့လိုမလုပ်နိုင်မှာကိုပဲ ကြောက်တာ"

 "ဟုတ်လား" ကျင်းကျုံးပိုင် မျက်ခုံးပင့်လိုက်သည်။ "ငါ သူမကို ချဥ်းကပ်နိုင်ရင်ကော "

ချန်းရင်က သူမပုံစံရဲ့ ကြော့ရှင်းသောလိုင်းကို ထုတ်ဖော်ကာ ခေါင်းကို အနည်းငယ်စောင်းလိုက်သည်။ "ကျင်းတ၊ ရုပ်ရှင်ဧကရာဇ်၊ ကျွန်မရှင့်ကို အမှန်အတိုင်းပြောပြမယ်။ ဒီမိန်းကလေးမှာ ခိုင်မာတဲ့ ပင်ကိုစရိုက်ရှိတယ်။ ရှင် အဲဒါကိုစဥ်းတောင် မစဉ်းစားနဲ့။ အရင်က ကျွန်မ သူမကိုဆွဲဆောင်ခဲ့ပေမဲ့ သူမက ကျောက်ရှင်းရန် ကို ရွေးချယ်ခဲ့တယ်"

ကျင်းကျုံးပိုင် တိုးတိုးလေးပြောလိုက်သည်။ "သူမက ငါ့ရဲ့ လစဉ်လစာအကြောင်း မေးတယ်"

ချန်းရင် တခစ်ခစ်ရယ်လိုက်သည်။ "ရှင် တခြားသူတွေကို စနေသလို တခြားသူတွေကလည်း ရှင့်ကိုစလို့မရဘူးလား"

 လရောင်အောက်တွင် ကျင်းကျုံးပိုင်နှင့် ချန်းရင်တို့ အတူတူထွက်သွားခဲ့ကြသည်။

ကျန်းရှောင်နှင့် ကျောက်ရှင်းရန်တို့ ဟိုတယ် ပြန်သွားကြပြီး ကျောက်ရှင်းရန်က လမ်းတစ်လျှောက်လုံး ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည်။

 သူမ ပင်ပန်းနေတာဖြစ်မည်ဟု ကျန်းရှောင် ထင်လိုက်ကာ ထွက်ခွာသွားဖို့ မပြင်ဆင်မီ မနက်ဖြန် အလုပ်ချိန်ဇယားကို သူမနှင့် အကျဉ်းချုံး ဆွေးနွေးခဲ့သည်။

ဒါပေမယ့် ကျောက်ရှင်းရန်က သူမကို တားခဲ့သည်။ တကယ်တော့ ကျန်းရှောင်နဲ့ ကျင်းကျုံးပိုင် စကားပြောနေတာကို အခုလေးတင်ပဲ သူမ အဝေးကနေ မြင်လိုက်သည်။ 

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now