အပိုင်း ၂၆

68 5 0
                                    

Uni

အပိုင်း ၂၆


 "အမေ-"

 "အမေ" ဆိုတဲ့ ခေါ်သံကို ကျန်းရှောင်က နှလုံးသားထဲက ခံစားချက်ဖြင့် ခေါ်ခဲ့ကာ မေမေ ကျိုးကို တခဏချင်း ကြက်သေသေသွားစေခဲ့သည်။

မေမေကျိုးရဲ့ နှလုံးသားသည်လည်း ကမောက်ကမဖြစ်ကာ ပျော်ရွှင်မှုနှင့် စူးစမ်းမှုတို့ ရောထွေးနေခဲ့သည်။ စကားလုံးအချို့က သူမ လျှာဖျားတွင် ရှိနေသော်လည်း သူမသည် ၎င်းတို့ကို ထိန်းထားကာ နောက်နေ့တွင် ပြောဖို့ ဆုံးဖြတ်ခဲ့သည်။

 "မင်းတို့ နှစ်ယောက်လုံး ဒီတစ်ခါ အရမ်းသတိမထားခဲ့ကြဘူး။ ကလေးရှိလာမယ်လို့ မျှော်လင့်ထားပြီး အဲ့လိုသိပြီးကတည်းက ငါတို့ကို စောစောစီးစီး ပြောသင့်တာပေါ့။ ကိုယ်ဝန်ရှိနေတုန်းအချိန်မှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို သွားတာက အရမ်းကို အန္တရာယ်များလွန်းတယ်"

 "အမေ တောင်းပန်ပါတယ် ဒါ ကျွန်မရဲ့အမှားပါ"

 "မင်းတို့နှစ်ယောက်လုံးမှာ အပြစ်ရှိတယ်။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နုံအတုန်းဘဲ၊ ရှို့လင်းက စိတ်ရှုပ်စရာကောင်းတယ်"  

သူမ၏ ဖြူဖျော့နေတဲ့ အသားအရေနှင့် ကိုယ်ဝန်ရှိနေပြီဆိုတာကို တွေးတောရင်း မေမေ ကျိုးက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲခဲ့သည်။ "ကျိုးလင်းကတော့ ဆူခံရတော့မယ် "

ကျန်းရှောင် နှုတ်ခမ်းကို ဖိထားခဲ့သည်။

 "သွားကြည့်လိုက်၊ မကြိုက်တာကို မျက်ကွယ်ပြုပြီး ဗုဒ္ဓကို အာရုံပြုထားပေါ့ " မေမေကျိုး တိုးတိုးလေး ပြောလိုက်သည်။

ကျန်းရှောင်၏ မျက်လုံးတွေထဲ ပျော်ရွှင်မှု တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ "ကျေးဇူးတင်ပါတယ် အမေ "

 သူမ လျင်မြန်စွာလှုပ်ရှားပြီး စာကြည့်ခန်းအပြင်ဘက်ကို ရောက်သွားကာ တံခါးမခေါက်ခင် အသက်ပြင်းပြင်းရှူလိုက်သည်။

 "ဝင်ခဲ့ " ဖေဖေကျိုး၏ အသံနက်ကြီး ထွက်ပေါ်လာသည်။

ကျန်းရှောင် တံခါးကိုဖွင့်လိုက်သည်နှင့် သူမရှေ့မှမြင်ကွင်းကြောင့် ချက်ချင်းပင် ကြက်သေသေသွားရသည်။ သူမ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now