အပိုင်း ၂၄

79 6 0
                                    

Uni

အပိုင်း ၂၄

လက်ထောက် ကျန်း လမ်းလျှောက်လာပြီး ကျန်းရှောင် အနားမှာ ခဏကြာအောင် ထိုင်လာတဲ့အထိ သူတို့နှစ်ယောက် စကားစမြည်ပြောခဲ့ကြသည်။

"ကျွန်တော်တို့ လေးစားရတဲ့ ဆရာ ကျင်းနဲ့ သရုပ်ဆောင်စွမ်းရည် ဆွေးနွေးနေတာလား "

ကျန်းရှောင်ရဲ့ မျက်ခုံးတွေက တွန့်ကွေးသွားခဲ့သည်။

ကျင်းကျုံးပိုင် ကိုယ်တိုင်စိတ်ထိန်းပြီး ပြောလိုက်သည်။ "ကျန်းရှောင်၊ မင်း ဒီလုပ်ငန်းကို ဝင်ချင်ရင် ငါ ကြိုဆိုပြီး ငါသိသမျှ အရာအားလုံးသင်ပေးမယ်"

ကျန်းချင်၏ ပါးစပ် တွန့်သွားပြီး သူ ရယ်မောခဲ့သည်။ "ကျွန်တော်တို့ ကုမ္ပဏီရဲ့လက်ထောက်တွေ အတွက် ကျင်းရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဟွားရှမှာ ပရော်ဖက်ရှင်နယ်အဖွဲ့နဲ့ အရင်းအမြစ်တွေရှိတယ်။ ကျန်းရှောင် မင်းသမီးလုပ်ချင်ရင် ကျွန်တော်တို့ စီအီးအိုက သူမကို သေချာပေါက် ပံ့ပိုးပေးမယ်ဆိုတာ စိတ်ချယုံကြည်ထားလို့ရတယ် "

ကျန်းရှောင် ပြန်ပြောခဲ့သည်။ "... ကျွန်မမှာ မင်းသမီးလုပ်ဖို့ အစီအစဉ်မရှိဘူး"

ကျင်းကျုံးပိုင် ငြိမ်သွားခဲ့သည်။

နာရီဝက်အကြာတွင် ကျင်းကျုံးပိုင် ထွက်သွားခဲ့သည်။ ဒီနေ့ညမှာ သူရောက်ရှိနေခြင်းသည် ကျောက်ရှင်းရန်ကို မျက်နှာသာပေးကြောင်းဖြစ်သည်ကို လူတိုင်းနားလည်ခဲ့ကြသည်။

ကျောက်ရှင်းရန် နဲ့ ခေါင်းဆောင်မင်းသားတို့ အတူတူထိုင်သောက်ခဲ့ကြသည်။ ခေါင်းဆောင်မင်းသားက ချောတယ်၊ အရပ်ရှည်တယ်။ လွန်ခဲ့သည့်ကာလတွင် ကျောက်ရှင်းရန် အပေါ် သူ့ ရည်ရွယ်ချက်များက ပြတ်သားခဲ့သည်။

ကျန်းရှောင် ဘေးကနေ ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

လက်ထောက် ကျန်းက စကားပြောခဲ့သည်။ "ဒီတစ်ခေါက် ပြန်သွားရင် စီအီးအို ကျိုးက မဒမ်ကို သူ့ဘေးမှာ ထားပြီးတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် ယာယီ တာဝန်ပေးလိမ့်မယ် "

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now