အပိုင်း ၂၇

137 9 0
                                    

Uni

အပိုင်း ၂၇


ကျန်းရှောင်က ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ဖို့ ခေါင်း လှည့်ခဲ့ပြီး သူမ နှုတ်ခမ်းပေါ် အပြုံးတစ်ခု တိုးလာခဲ့သည်။

 အချိန်က မင်းကို မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ အမြဲတမ်း ပြောင်းလဲပေးနေတယ်။ ကနဦး ဆုံးဖြတ်ချက်တွေနဲ့ အလျှော့မပေးတဲ့ ရည်ရွယ်ချက်တွေက အမှန်တကယ်မှာ ဖြည်းဖြည်းချင်း အပေးအယူ လုပ်လို့ရတယ်။

အဲ့ဒါက ပျော်ရွှင်မှုရဲ့ စွမ်းအားလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါက သူနဲ့ ပဲပင်ပေါက်လေးရဲ့တည်ရှိမှု တို့ကြောင့်ဖြစ်သည်။

 ကုမ္မဏီရောက်တော့ သူတို့နှစ်ယောက် ဓာတ်လှေကားထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ခဲ့သည်။

ကျန်းရှောင် ကျန်းချင်ကိုမြင်ရတော့ အနည်းငယ်ရှက်မိသည်။

ကျန်းချင်က "မဒမ်" လို့ခေါ်ဖို့ ပါးစပ်ကို ဖွင့်ထားပေမယ့် ကျန်းရှောင်က အမြန်အော်လိုက်သည်။

 "လက်ထောက် ကျန်း၊ မင်္ဂလာနံနက်ခင်းပါ"

 ခဏကြာတော့ ကျန်းရှောင် ကော်ဖီတစ်ခွက်နဲ့ ဝင်လာခဲ့သည်။ "မစ္စတာ ကျိုး၊ ရှင့်ရဲ့ ကော်ဖီ"

ကျိုးရှို့လင်းက သူ့အမူအရာကို ထိန်းထားသည်။ "ကျေးဇူး။ ဒီနေ့ ငါ့ ဝင်စာပုံးထဲမှာ အီးမေးလ်တွေစုပေးဖို့ မင်းမှာ အချိန်ရှိလား"

ကျန်းရှောင် မျက်နှာက တောက်ပလာခဲ့သည်။ "ရှိပါတယ် " အလှဆင်ပန်းအိုး သက်သက် မဟုတ်ဘဲ သူမ တကယ် အလုပ် လုပ်ချင်နေခဲ့တာ။

 နံနက်ခင်းတွင် ကျိုးရှို့လင်း၏ အလုပ်များမှုနှင့် သူ့လက်ထောက်လေးဦး အထူးသဖြင့် တီနာ၏ စွမ်းရည်များကို သူမ တွေ့မြင်ခဲ့ရသည်။ ကျန်းရှောင်က သူမအကြောင်း ကြားဖူးပြီးသား။ သူမသည် ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တစ်ခုမှ ထူးချွန်တဲ့ ဘွဲ့ရတစ်ဦးဖြစ်သည်။ 

 ဟွားရှနဲ့ လက်မှတ်ရေးထိုးထားတဲ့ အနုပညာရှင်တွေအားလုံးက သူမကို မျက်နှာပေးတယ်ဆိုတာ သူမ သိသည်။ နောက်ဆုံးတော့ သူမက ကျိုးရှို့လင်းရဲ့ အလှတရားနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပေါင်းစပ်ထားတဲ့ အမျိုးသမီး လက်ထောက်ချုပ် ဖြစ်ခဲ့သည်။ ကျန်းချင် က တီနာဆီက သင်ယူဖို့ သူမကို ပြောခဲ့သည်။

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now