အပိုင်း ၄

244 16 0
                                    

Uni

အပိုင်း ၄

ကျန်းရှောင်သည် သူမ၏ ပေါ့ပေါ့ပါးပါး လေသံကို နားမလည်မီ ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်ခန့် ကြက်သေသေသွားခဲ့သည်။ သူမ အမြန်ထရပ်ပြီး "မင်္ဂလာညချမ်းပါ မစ္စတာ ကျိုး " ဟု ယဉ်ကျေးစွာ အော်လိုက်သည်။

ကျိုးရှို့လင်း မျက်လုံးကိုမှေးကျဥ်းကာ မေးလိုက်သည်။ "မင်း ဒီမှာ တစ်ယောက်ယောက်ကို လာရှာတာလား"

 ကျန်းရှောင်က သူ့ကိုတွေ့လိုက်ရတော့ နည်းနည်း အံ့သြသွားပေမယ့် သူဘာကြောင့် အဲဒီမှာရှိလဲဆိုတာကိုလည်း သူမ နားလည်သည်။ ကျောက်ရှင်းရန်သည် ယခုအခါ ကုမ္ပဏီမှ အရောင်းမြှင့်တင်နေသော ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်ပြီး အနာဂတ်မှာ သူမဟာ ဤကဲ့သို့သော ပွဲများကို ပို၍ပို၍ တက်ရောက်လာကာ ကျိုးရှို့လင်းနှင့် အဆက်အသွယ်များ ပိုမိုရရှိလာမည်ဖြစ်သည်။ 

 "ရှင်းရန် ဒီည မြို့တော် ဘီကို လေယာဥ်နဲ့သွားမှာ သူ့ရဲ့ အားသွင်းကြိုးနဲ့ ဆေးတွေ အိမ်မှာကျန်ခဲ့လို့ "

ကျိုးရှို့လင်းသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော သူမ၏မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။."ဘာလို့ ဒီခရီးကို သွားရမှာလဲ။ မင်း သူနဲ့ မသွားဘူးလား"

ကျန်းရှောင် ခေါင်းခါလိုက်ပြီး မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့။ "ကျွန်မရဲ့မွေးရပ်မြေမှာ တချို့ကိစ္စတွေ ဖြေရှင်းရမှာမို့ တစ်လခွဲလောက် ခွင့်ယူထားတယ် "

ကျိုးရှို့လင်း သူမ၏ ကိုယ်ရေးအကျဉ်းကို မြင်ဖူးသည်။ ကျန်းရှောင်၏ မွေးရပ်ဇာတိက ကျင်းချန် မြောက်ဘက်ရှိ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ သူမရဲ့အမေ ဆုံးပါးသွားပြီး သူ့အဖေက အိမ်ကနေ မကြာခဏ ထွက်သွားရတဲ့ ပန်းချီဆရာတစ်ယောက်။  

သူမသည် ကျန်းချန် အမှတ် ၁ အလယ်တန်းကျောင်းအတွက် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး အထက်တန်းပထမနှစ်တွင် အဒေါ်နှင့်အတူ တစ်နှစ်ကြာနေထိုင်ခဲ့ကာ အဒေါ်၏မိသားစုက ကနေဒါနိုင်ငံတွင် အခြေချနေထိုင်သွားတာကြောင့် သူမက ကျောင်းဝင်းထဲတွင် နေထိုင်ခဲ့သည်။ 

ဟယ်လို.. မစ္စတာကျိုး(ဘာသာပြန်)Where stories live. Discover now