💛 Players ( Part - 3 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"မင်းအတွက်"
မျက်စိရှေ့ကိုရောက်လာတာက သွေးကြိုက်တတ်သော ဂဏန်းပီဇာမို့ မသိမသာမျက်ခုံးပင့်ကြည့်တော့ အရယ်အပြုံးမရှိသည့်မျက်နှာဖြင့် တန်ခိုးဆိုသည့်လူဖြစ်သည်။
သူ့ဘေးမှာတော့ သွေးကိုအားနာစွာပြုံးပြသွားသည့်လူဖြစ်ပြီး သူ့လက်ထဲမှာတော့ အဖြူရောင်နှင်းဆီပန်းတစ်စည်းပါသည်။"ကျေးဇူးပါ ဒါပေမယ့် သွေး ရင်ပြည့်နေလို့မစားတော့ဘူး"
"အဲ့ဒါဆိုလည်း လွှင့်ပစ်လိုက်.. စည်း မင်းပန်းစည်းပေးမှာဆို ပေးလိုက်တော့ ပြီးရင်သွားစို့ .. အတန်းနောက်ကျနေမယ်"
တန်ခိုးဆိုသည့်လူဟာ သွေးရဲ့ရင်ထဲမြန်မြန်ဝင်ရောက်လာသည်က ထိုသို့သောခပ်ကျောကျော အမူအယာတွေကြောင့်ဖြစ်သည်။
နူးညံ့သောစကားကိုမဆိုတတ်သလို တွေ့လိုက်တိုင်း အရယ်အပြုံးကင်းမဲ့သော အေးတိအေးစက်မျက်နှာဖြင့်။
ပုံစံကတော့ ခမ်းနားထည်ဝါသော အရောင်အဝါမျိုးဖြင့် မှေးမှိန်မနေသောကြောင့် သူ့ကို တစ်ခုခုပဲဟု သွေးထင်ခဲ့မိသည်။"သွေး လက်ခံမယ်မလား"
အတွေးဖြင့် လိုက်ငေးနေမိချိန် စည်းဆိုသည့်လူ၏အသံကြားမှ အသိဝင်လာကာ ဒီလူကတော့ အမြဲနူးညံ့နေတတ်သည့်လေသံဖြင့် သွေးကိုမြတ်နိုးယုယသလို အကြည့်တွေဖြင့်။
ဟိုမာရေကျောရေနိုင်သော ပုဂ္ဂိုလ်သည်လည်း သွေးကိုစိတ်ဝင်စားနေသည်ပဲ။
သို့ပေမယ့် သူက ဘာကိုမာန်တက်နေသလဲမသိဘဲ အမြဲလိုလိုအထက်စီးကမို့ ကြည့်မရသည်ကတော့ အမှန်တရား။"သူက အဲ့လိုပဲနေတတ်လို့ပါ သွေးရဲ့ တန်ခိုးက မာနမကြီးပါဘူး သဘောကောင်းပါတယ် ကူညီပေးတတ်တယ်"
စည်းဆိုသည့်လူက ရှေ့နေလုပ်ပေးနေပေမယ့် ယောကျာ်းတွေကို ခေါင်းညိတ်ရုပ်တွေဖြစ်သွားစေသည့်သွေးကို ဒီလိုပုံစံနှင့်ဆက်ဆံတာကိုတော့ သဘောမကျ။
သူတို့သူငယ်ချင်းနှစ်ယောက်ဟာ သိပ်ချစ်ကြပုံရပြီး အမြဲလိုလိုတပူးပူးတတွဲတွဲရှိကာ သွေးကိုလိုက်နေသည်ကလည်း နှစ်ယောက်လုံးအတူတူ။
YOU ARE READING
Players
Romance"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချစ်ပေးမယ် မင်းငါ့ဘဝထဲဝင်ရဲပြီဆိုတာနဲ့ ဒီလူကမင်းရဲ့အပိုင်ပဲ" "လိုတရမီးခွက်စောင့်ကြီးတော့မဟုတ်ပေမယ့် ဒီ...