💛 Players ( Part - 24 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"ကိုကြီးကြည့်ရတာ အသည်းကွဲနေသလိုပဲ"
"မဟုတ်ပါဘူး"
ခရာ့စကားကို နားစွန်နားဖျားကြားလိုက်သော စည်းက ဆိုဒ်ဦးထုတ်ကိုနည်းနည်းပင့်တင်ကာ သူ့ကိုမသိမသာလှည့်ကြည့်လာသည်။
စည်းရဲ့အကြည့်တွေက တစ်ခုခုကိုစိုးရွံ့နေသလို ဟန်ဆောင်နေသည့်အကြည့်တွေမို့ သူ အေးတိအေးစက်တစ်ချက်ပြုံးလိုက်မိသည်။
ဤအပြုံးဟာ သားကောင်ကိုတွေ့လိုက်သော အမဲလိုက်မုဆိုးတစ်ယောက်၏အပြုံးလို ရက်စက်ကြမ်းကြုတ်ချင် ကြမ်းကြုတ်နိုင်ပါသည်။
သွေးကို သူငယ်ချင်းနှစ်ယောက်အတူ ပြိုင်လိုက်ခဲ့ကြပေမယ့် ထိုအချိန်ကစိတ်ဝမ်းကွဲခဲ့တာမျိုးမရှိခဲ့ပါဘဲ သွေးနဲ့သူ လက်တွဲခဲ့တော့လည်း စည်းက ဝမ်းသာအားရဖြစ်ခဲ့သေးကာ ဘာလို့အခုမှ..."မင်း သွေးနဲ့ပြဿနာဖြစ်ထားတာလား တန်ခိုး"
"မဖြစ်ပါဘူး နည်းနည်းစိတ်ညစ်နေလို့ပါ"
"ဘာညစ်စရာရှိလို့လဲ ငါ့ကိုပြောလေ မင်းကလည်း"
"အိမ်ခဏပြန်ချင်တယ်ကွာ ငါ့ကို၅ရက်လောက်ခွင့်ပေး"
"မင်းအိမ်ကတစ်ခုခုဖြစ်လို့လား"
"ပြဿနာနည်းနည်းရှိတာတော့မဟုတ်ဘူး အဖေကပြန်ခေါ်နေလို့ ခဏပြန်ချင်လို့ကွာ အမေနဲ့လည်းမတွေ့တာကြာပြီ"
ခရာအနားမှာရှိနေသည်ကို သူတစ်ချက်လှည့်ကြည့်ရင်း ၃လွှာမှာ ကြွေပြားကပ်နေသောကောင်လေးတွေကို သွားစစ်ဆေးခိုင်းလိုက်သည်။
သူတို့တွေခင်းထားသောဇာတ်အတိုင်း လိုက်ကရမည်မို့ မသိသလိုအလှည့်စားခံနေရင်း အက္ခရာကို ပထုတ်လိုက်ခြင်းသာ အကောင်းဆုံး။"သွေးကို ဘယ်လိုထင်လဲ စည်း"
"မင်းကိုချစ်ပါတယ်"
"အဲ့ဒါမဟုတ်ဘူး သူက ဘယ်လိုမိန်းကလေးလဲ"
စည်း မျက်နှာပျက်သလိုဖြစ်သွားပေမယ့် သူ မသိချင်ယောင်ဆောင်ကာ အက္ခရာကိုငေးနေစဥ် စည်းက သူ့ကိုမသိမသာအကဲခတ်နေပြန်သည်။
အက္ခရာကို သူစိတ်ဝင်စားနေသော ပုံစံမျိုး ဖြစ်ကိုဖြစ်ရမှာမို့ တစိမ့်စိမ့်လှမ်းကြည့်နေတုန်း စည်းဆီက စကားသံထွက်လာ၏။
YOU ARE READING
Players
Romance"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချစ်ပေးမယ် မင်းငါ့ဘဝထဲဝင်ရဲပြီဆိုတာနဲ့ ဒီလူကမင်းရဲ့အပိုင်ပဲ" "လိုတရမီးခွက်စောင့်ကြီးတော့မဟုတ်ပေမယ့် ဒီ...