8

2.4K 80 3
                                    

💛 Players ( Part - 8 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

My tree cafeဆိုင်လေးက နည်းနည်းတော့ကျဥ်းပေမယ့် အေးအေးလူလူထိုင်လို့ရ၍ ခရာ တစ်ယောက်တည်း ကော်ဖီလာသောက်နေခြင်းဖြစ်သည်။
ဆိုင်လေးက ကျုံးဘက်ကိုမျက်နှာလှည့်ထားပြီး စားပွဲအရှည်မှာ ခုံအမြင့်လေးတွေချပေးထားသောကြောင့် ခရာ သဘောကျနေကာ ကျုံးအလှကိုထိုင်ကြည့်လိုက်၊ ကော်ဖီသောက်လိုက်။
ထိုအချိန်ဆိုင်ထဲဝင်လာသည့် ချောကို ခရာလက်ပြခေါ်လိုက်တော့ ချောက ခရာ့အနားကခုံလေးမှာဝင်ထိုင်ရင်း မောလာသလို ဟူးခနဲသက်ပြင်းချ၏။

"ကပ်ပချီနိုတစ်ခွက်"

ချောက ကောင်တာဘက်ကိုလှမ်းပြောရင်း လက်ထဲပွေ့လာသည့်ဖိုင်ကို ခရာ့ဆီလှမ်းပေးသည်။
ခရာ သူမဆီက ဘာမှတောင်းမထားသောကြောင့် ခဏတော့ကြောင်အ,သွားမိသည်။

"ဘာတွေလဲ"

"ယူလိုက်ပါ နင့်အတွက်အသုံးဝင်ပါတယ်"

ထို့ကြောင့် ခရာ ဖိုင်ကိုလှမ်းယူပြီးဖွင့်ကြည့်တော့ တန်ခိုးက လူတစ်ယောက်နှင့် စကားပြောနေရင်း ဖိုင်တစ်ထပ်ကြီးကိုလှမ်းယူနေသည့်ပုံကို ညှပ်ထားခြင်းဖြစ်သည်။
တန်ခိုးနှင့်စကားပြောနေလူက ခပ်ချောချောဖြစ်ကာ တန်ခိုးနှင့်လည်း အတော်ရင်းနှီးပုံလည်းရပြီး အပြုံးတွေကအထင်းသားဖြစ်သည်။

"တော်တော်ခင်ကြပုံပဲ"

"အဲ့ဒါ တန်ခိုးရဲ့အရင်းနှီးဆုံးသူငယ်ချင်း မင်းစည်းစိမ်တဲ့ တန်ခိုးအခုလုပ်နေတဲ့ Min groupပိုင်ရှင်ရဲ့တစ်ဦးတည်းသောသား.. တန်ခိုးရဲ့ကိစ္စမှာ နင်သူ့ဆီအရင်ကပ်ရင် နင့်အတွက်ပိုလွယ်လိမ့်မယ်"

"ဆိုလိုတာက"

"သူတို့နှစ်ယောက်လုံးက ကျောင်းကတည်းကဘော်ဒါတွေကွာ ဒါပေမယ့် မင်းစည်းစိမ်ရဲ့အဖေက တန်ခိုးအလုပ်လုပ်နေတဲ့ Constructionကုမ္ပဏီမှာဒါရိုက်တာကွာ ပြီးတော့ အဲ့ဒီရုံးမှာ Decoratorလိုနေတယ်"

ခရာ ပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်ကာ အချိန်အားတုန်းပြေးတက်ထားသော Decorationမှာ ဒီပလိုမာရထားသည့် ခရာ့အတွက်တော့ ဒါသည် ခက်ခဲသောကိစ္စမဟုတ်။
ချောရဲ့အကြံကိုလည်း ခရာသဘောကျသွားပြီး ဖိုင်ကိုဆက်လှန်ကြည့်တော့ ဖိုင်သည် Min group၏လုပ်ငန်းခွင်ဆိုင်ရာ အချက်အလက်တွေဖြစ်သည်။
ထို့အပြင် တန်ခိုး၏လှုပ်ရှားနေသမျှကို ဓာတ်ပုံလေးတွေဖြင့် မှတ်တမ်းတင်ထားကာ မင်းစည်းစိမ်ဆိုသည့်လူ၏ရုံးလိပ်စာကဒ်လည်းပါပြီး Decoratorအလုပ်ခေါ်ထားသည့် သတင်းစာဖြတ်ပိုင်းကိုပါ တွေ့လိုက်ရ၏။

PlayersWhere stories live. Discover now