💛 Players ( Part - 17 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫စည်းဖုန်းမဆက်သည်မှာ တော်တော်လေးကြာနေပြီမို့ သွေးစိတ်ထဲမှာ တစ်ခုခုလိုအပ်နေသလိုခံစားရပြီး ဘေးနားချထားသောဖုန်းကို မသိမသာငဲ့ကြည့်မိသည်။
သူ တကယ်ပဲ သွေးကိုစိတ်ပျက်သွားပြီလား...
တစ်ယောက်တည်းဆွေးနေမိချိန် ဖုန်းဝင်လာ၍ စည်းလားဟု အလောတကြီးကြည့်မိပေမယ့် အန်တီနှင်းပန်းဖြစ်နေ၏။"သမီးအမရာ ပြန်လာတော့မှာလား"
"မလာသေးဘူး သွေး အတန်းချိန်တစ်ချိန်ကျန်သေးတယ် ဘာဖြစ်လို့လဲဟင်"
"သမီးရဲ့လေးလေး နေပြည်တော်ကိုပြန်ဖို့လေ ဟိုမှာ ၂ရက်လောက်ပဲကြာမှာ အဲ့ဒါ သမီးရော အလည်မပြန်ချင်ဘူးလား"
အန်တီနှင်းပန်းစကားကို သွေး ငြင်းဖို့ပြင်လိုက်ပြီးမှ စည်းကိုသတိရသွား၍ ခဏတော့နှုတ်ဆိတ်သွားမိသည်။
တကယ်ဆို သွေးဘက်ကပြတ်သားဖို့ ပြောခဲ့ရင်တောင်မှ သူ့ဘက်ကတောင်းပန်ပြီး ဆက်သွယ်သင့်သည်မဟုတ်လား။
သွေးကို ချစ်တယ်ဆိုပြီး ဒီလောက်လေးတောင် လုပ်မပေးချင်ဘူးလား...ထို့ကြောင့် သူ့ကိုသွားတွေ့ချင်စိတ်ဖြင့် လေးလေးနှင့် လိုက်မည့်အကြောင်းပြောလိုက်တော့ အန်တီနှင်းပန်းက အားလုံးပြင်ထားပေးမည်ဟုဆိုသည်။
လေးလေးက ခရီးထွက်တိုင်း First classရနေကျဖြစ်သည့်အပြင် အချိန်မရွေးသွားပြန်၍ရသောကြောင့် ခရာဆို လေယာဥ်မစီးချင်မှအဆုံး။
ခရာငယ်ငယ်တုန်းကလည်း လေးလေးက သွားလေရာခေါ်သွားတတ်သည်။"စာတွေလိုက်နိုင်ရဲ့လား သမီးအမရာ"
"လိုက်နိုင်ပါတယ် လေးလေး ပြီးတော့ လေးလေးကိုတစ်ခုလောက်ပြောလို့ရမလား"
"အင်း"
အင်းဆိုပေမယ့် လေးလေးအကြည့်တွေက သွေးဆီရောက်မလာဘဲ Laptopဆီမှာသာရှိနေကာ အလုပ်လည်းတကယ်များနေဟန်။
သို့ပေမယ့် သွေး အခုကတည်းက ခရာ့အတွက် တောင်းဆိုထားသင့်သည်မလား။"ခရာက Harvard Law Schoolမှာ ကျောင်းတက်ချင်နေတယ် လေးလေးဘာလို့ခွင့်မပြုတာလဲဟင်"
Laptopကိုကြည့်နေသည့် လေးလေးအကြည့်တွေ သွေးဆီရောက်လာပြီး ခြေချင်းချိတ်ထိုင်ကာ လေယာဥ်ပြတင်းဆီသို့ မျက်နှာလွှဲ၏။
ခရာလည်း ထိုသို့ဟိတ်ကြီးဟန်ကြီးထိုင်တတ်သည်မို့ ဒီအကျင့်ကိုတော့ လေးလေးဆီကအမွေရခဲ့ဟန်ရှိသည်။
YOU ARE READING
Players
Romance"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချစ်ပေးမယ် မင်းငါ့ဘဝထဲဝင်ရဲပြီဆိုတာနဲ့ ဒီလူကမင်းရဲ့အပိုင်ပဲ" "လိုတရမီးခွက်စောင့်ကြီးတော့မဟုတ်ပေမယ့် ဒီ...