29

3.7K 218 11
                                    

💛 Players ( Part - 29 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဘာလို့အဲ့လောက်ထိ စိတ်ညစ်တဲ့ပုံပေါက်နေတာလဲ ခရာရယ်"

မှုံက သိသိရက်နှင့်ပြုံးစိစိမျက်နှာပေးဖြင့် မေးလာတော့ ခရာ တဘက်ကိုလှမ်းယူကာ ချွေးတွေကိုသုတ်ပစ်ရင်း စက်တစ်ခုပေါ်သို့ ဖြစ်သလိုပစ်တင်လိုက်သည်။
ခရာက မှုံပိုင်သောGYMခန်းမကို ခဏတဖြုတ်လာကစားဖြစ်ကာ သူငယ်ချင်းတွေ သတိထားမိလောက်သည်အထိ ကိုယ် ဘာဖြစ်နေလဲစဉ်းစားလို့မရ။

"ညဘက်ဆိုမအိပ်ဘူးလား သမီး"

Telegramမှာ ဖေကြီးနှင့် video callပြောဖြစ်တော့ ခရာ့ကိုစေ့စေ့ကြည့်ကာ ဖေကြီးမေးလာသည့်မေးခွန်းကြောင့် မှန်ထဲမှာ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိသည်။
ငါ မျက်တွင်းကျလေးနဲ့ပါလား...

ဟိုတစ်ရက်က ကိုကြီး သူမကိုအတင်းဖက်နမ်းပြီးသောနောက်ပိုင်း ညဘက်တွေမှာ ခရာအိပ်မပျော်သလို စိတ်ထဲမှာလည်း ကိုကြီးမျက်နှာကြီးကိုဖျောက်ဖျက်မရ။
ဘယ်ဘက်ပါးလေးကိုစမ်းမိတိုင်း၊ နှုတ်ခမ်းတွေထိကိုင်မိတိုင်း ဘာကြောင့်ရယ်မသိဘဲ ထူပူသွားမိသလို ရင်တွေတုန်သွားမိတာလည်း ခဏခဏ။
တကယ်တမ်း ကိုကြီးကသာ Medusaနဲ့တူတာ...

"သူ နင့်ကိုချစ်နေပြီပဲ ခရာရယ် ရပ်လိုက်လို့မရဘူးလား"

"သူနဲ့ငါချစ်သူမှမဖြစ်သေးတာ"

"ဟယ်!! ဖြစ်ဖို့လိုသေးလို့လား အခုလည်း နင့်ကိုသူချစ်နေပြီပဲဥစ္စာ ပြောရရင်နင်နိုင်နေပြီလေ"

"မဟုတ်ဘူး အခုက မရာနဲ့လောင်းကြေးတင်မကဘူး ကိုစည်းနဲ့ပါပူးပေါင်းထားလို့ ကိုကြီးနဲ့ငါ နည်းနည်းနီးကပ်ရမယ်ထင်တယ်"

မှုံရော ချောပါ နားမလည်သလိုဖြစ်သွားပြီး ခရာ့အနားရောက်လာကာ ခရာ့ကိုကြည့်လိုက်၊ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ဖြင့် အဖြေရှာနေကြ၏။
မရာနဲ့လောင်းကြေးဟာ ဒီနေရာမှာပဲအဆုံးသတ်လို့ရပေမယ့် ကိုစည်းကတော့ ဒိ့ထက်ပိုပြီး ကိုကြီးဆီက 'ချစ်တယ်'ဆိုသည့်စကားကိုကြားရမှ ရပ်ချင်ပုံရသည်။

"မင်းလိုအပ်တာမှန်သမျှ ငါ့ဆီမှာတောင်းလို့ရတယ် ခရာ ငါလိုချင်တာက မင်းအစ်မကိုပဲ အဲ့ဒါကလည်း တန်ခိုးဘက်ကသစ္စာ​ဖောက်သလိုဖြစ်မှ သွေးက တန်ခိုးကိုလမ်းခွဲမှာ..
အဲ့ဒီတော့ မင်းဘာလုပ်ရမလဲသိတယ်မလား"

PlayersWhere stories live. Discover now