💛 Players ( Part - 9 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"သမီးက အက္ခရာနော်"
ခရာ ခေါင်းလေးညိတ်ပြလိုက်ရင်း CV formပေးဖို့ပြင်တော့ ဒါရိုက်တာတွေက လက်ကာပြသောကြောင့် အူကြောင်ကြောင်ဖြစ်သွားချိန် ခရာ့ရှေ့ကိုကော်ဖီတစ်ခွက်ရောက်လာသည်။
ဒါအလုပ်လာလျှောက်တဲ့သူကို interviewမည့် ဒီဇိုင်းလား..."သံအမတ်ကြီးဖုန်းဆက်ထားပါတယ် ဒါပေမယ့် ဆောက်လုပ်ရေးဆိုဒ်ဆိုတော့ သမီးအရမ်းပင်ပန်းနေမှာစိုးတယ်"
ခရာ အလွန်အမင်းစိတ်ပျက်သွားမိ၍ ထိုင်ခုံမှာ အားရပါးရမှီချပစ်လိုက်ကာ လက်ရမ်းတွေမှာလက်ထောက်ပြီး ထိုလူတွေအားလုံးကို စူးခနဲကြည့်ပစ်သည်။
တန်ခိုးအလုပ်လုပ်နေသည့် ရေတံခွန် တောင်ဆိုဒ်ကို ခရာရောက်မှဖြစ်မှာမို့ ဖေကြီးရဲ့အာဏာပါဝါကို အားကိုးမိကာမှ သံအမတ်သမီးဆိုပြီး တရိုတသေကြီးဖြစ်နေကြသည်မဟုတ်လား..."ကျွန်မ ဒီကိုအလုပ်လာလျှောက်တာ Decoratorနေရာအတွက်လာတာ သံအမတ်ကြီးရဲ့ သမီးတစ်ယောက်အနေနဲ့အခွင့်ထူးခံဖို့ဟုတ်ပါဘူး ဦးမင်းထက်အကြောင်း ခဏမေ့ထားပြီး ကျွန်မကို Interviewပါလား"
"မလိုပါဘူးသမီး ချက်ချင်းအလုပ်ဆင်းချင်ရင်လည်း ဆင်းလို့ရပါတယ် ဒါပေမယ့် ယာယီဝန်ထမ်းအဖြစ်နဲ့ပဲခန့်ထားဖို့ ဦးမင်းထက်ကပြောထားပါတယ်"
"ရပါတယ် ဒါဆိုအခုInterviewအောင်တယ်လို့ သတ်မှတ်လို့ရလား ရရင် ရေတံခွန်တောင်ဂေါ့ဖ်ကွင်းကို သွားပါရစေ"
"ရပါတယ် ဦးရဲ့သားကို ပို့ခိုင်းလိုက်မယ်"
ငြင်းဖို့စိတ်ကူးမိပေမယ့် မင်းစည်းစိမ်နှင့်ဆင်လှသော ဒါရိုက်တာလူကြီးကြောင့် ခရာ့ကိုပို့ပေးမည့်သူဟာ မင်းစည်းစိမ်ပဲမို့ စိတ်ကူးပြောင်းသွားတော့၏။
ဟိုတစ်ရက်ဆုံတုန်းကမှ ချောပြောခဲ့ဖူးသည်။
တန်ခိုးရဲ့အရင်းနှီးဆုံးဖြစ်တဲ့ မင်းစည်းစိမ်ကို အရင်ကပ် တဲ့..."ပြီးတော့ ကျွန်မတစ်ခုတောင်းဆိုပါရစေ"
ထိုအခါ ဒါရိုက်တာတွေအားလုံး ခရာ့ဆီအကြည့်တွေရောက်လာကာ ထိုမျက်နှာတွေသည် ခရာ ဘာပြောပြောလက်ခံဖို့အသင့်အနေအထားတွေမို့ စိတ်လည်းညစ်မိသည်။
ဒီနိုင်ငံမှာ သံအမတ်တစ်ယောက်ရဲ့ ဩဇာအာဏာက တော်တော်လွှမ်းမိုးနိုင်ပါလား...
YOU ARE READING
Players
Romance"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချစ်ပေးမယ် မင်းငါ့ဘဝထဲဝင်ရဲပြီဆိုတာနဲ့ ဒီလူကမင်းရဲ့အပိုင်ပဲ" "လိုတရမီးခွက်စောင့်ကြီးတော့မဟုတ်ပေမယ့် ဒီ...