27

5.1K 247 19
                                    

💛 Players ( Part - 27 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဆရာတောင်းထားတဲ့ Reportတွေရပါပြီ"

မျက်စိရှေ့ရောက်လာသော USBတစ်ခုနှင့်အတူ A4ဆိုဒ်နှင့် စာရွက်ပါးလေးတစ်ထပ်ကြောင့် ဘာများလဲဟု ဆွဲယူကြည့်လိုက်မိသည်။
USBက ဘာလဲမသိပေမယ့် ဖိုင်တွေကတော့ အဆောက်အဦသစ်တစ်ခုအတွက် အသုံးပြုရန်ပစ္စည်းတွေ၏ Estimateဖြစ်ပြီး အောက်ဆုံးမှာတော့ ဘုန်းတန်ခိုးဆိုသော တာဝန်ခံအင်ဂျင်နီယာ၏လက်မှတ်ပါ၏။
ထို့ကြောင့် စာရွက်တွေကိုသေချာထပ်ကာ ခေါင်းညိတ်ပြလိုက်တော့ Financeဒါရိုက်တာကြီးက သူ့ရှေ့မှာထိုင်ချလိုက်၍ ဘေးဘီကိုလှည့်ကြည့်လိုက်မိသည်အထိ။

"ကျွန်မ နောက်ထပ် ဘာလုပ်ပေးရဦးမလဲ"

"အစ်ကို့ရဲ့Spyက ခင်ဗျားတို့တွေပဲလား တခြားသူတွေ​ရော ပါလား"

"လူကုန်လို့ပြောလို့ရပေမယ့် လူကုန်လည်းမဟုတ်ပါဘူး တစ်ယောက်ချင်းစီတိုင်းက သူ့ဌာနမှာသူ အထက်လူကြီးပါ အမိန့်ပေးရုံပါပဲ"

"ဒါဆိုရှယ်ယာတွေ ဘယ်သူကကိုင်တာလဲ"

"ဒါရိုက်တာတွေပဲ တိုက်ရိုက်ကိုင်တာပါ ဆရာ Fixedထားတဲ့ရှယ်ယာဆိုရင်တော့ ဘုတ်အဖွဲ့ကကိုင်ပါတယ် ပြီးတော့ ဆရာ့အနေနဲ့ ရှယ်ယာတွေဝယ်ခဲ့ပြီးရင်တောင် ဘုတ်အဖွဲ့ကိုချုပ်ကိုင်နိုင်ဖို့လည်းလိုပါသေးတယ်"

"ဟိုတစ်ရက်ကလာတဲ့သူတွေထဲ ဘုတ်အဖွဲ့ကလူတွေပါလား"

"ပါပါတယ် ဒါပေမယ့် ဘုတ်အဖွဲ့ရဲ့အဓိကလူက ရှေ့နေကြီးပါ အဲ့ဒါကြောင့်ရှေ့နေရုံးခန်းကို သေချာချုပ်ထိန်းနိုင်ရင် ဘုတ်အဖွဲ့က ဆရာ့လက်အောက်ကို အလိုလိုရောက်လာမှာပါ"

"Aww ပေါက်ပြီ"

"ပြီးတော့ ဒီနေ့ညက ဒါရိုက်တာလမင်းခြယ်ရဲ့မင်္ဂလာနှစ်ပတ်လည်ညပါ  မိသားစုလိုဖြစ်နေတဲ့ဒါရိုက်တာတွေ လာပါလိမ့်မယ် ဆရာ့ကိုရော ဖိတ်ထားသေးလား"

"ဖိတ်ထားသေးတယ်"

"ဒါဆိုရင် ရှယ်ယာဝယ်ဖို့အတွက် ဆရာကိုယ်တိုင်ပဲ အကဲခတ်လိုက်ပါ တတိယရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်တဲ့ ဇွဲကပင်လည်းလာပါလိမ့်မယ်"

PlayersWhere stories live. Discover now