34

4.4K 260 16
                                    

💛 Players ( Part - 34 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

လင်းလွန်းသောအလင်းရောင်ကြောင့် မျက်နှာလေးရှုံ့မဲ့သွားပြီး လက်တစ်ဖက်ဖြင့်ကာလိုက်ကာ ထထိုင်ပစ်လိုက်သည်။
အသိစိတ်ပြန်ကပ်သွားတော့မှာ ခရာသတိရလိုက်တာက ဒါကိုကြီးရဲ့အခန်း...

ခရာကတော့ သူ့အိပ်ယာမှာအိပ်ပြီး ကိုကြီးကတော့ဧည့်ခန်းကဆိုဖာမှာ အိပ်နေခဲ့တာမို့ သူ့အရပ်ကြီးဖြင့်ကွေးအိပ်ရမှာကို သတိရလိုက်ပြန်သည်။
ကိုကြီးညောင်းများညောင်းနေမလား...

ကိုယ့်အတွေးကို ရှက်ပြုံးလေးပြုံးလိုက်ရင်း ရေချိုးခန်းထဲဝင်လာခဲ့တော့ ခရာ့အတွက်ထုတ်ပေးထားသော သွားတိုက်တံလေးက သွားတိုက်ဆေးထည့်ထားလျက်။
ဘာမှမစဥ်းစားတော့ဘဲ ရေပါချိုးပစ်လိုက်ပြီး သဘက်လေးပတ်ပြီးမှ သတိရလိုက်သည်က သူမမှာအဝတ်အစားအပိုမပါ...

"ကြာနေပြီနော် Bae မင်းမပြီးသေးဘူးလား"

အပြင်မှကိုကြီးအသံကြောင့် ခရာဘယ်လိုပြောရမလဲ တွေးနေမိစဥ် တံခါးခေါက်သံထပ်ထွက်လာသည်။

"Bae"

"ခရာ ရေချိုးလိုက်မိတယ် ကိုကြီး.. အင်္ကျီမပါတာကိုမေ့သွားပြီး"

"ငါ့အင်္ကျီထုတ်ပေးထားမယ် ထွက်ခဲ့တော့ အအေးမိမယ်"

နောက်ထပ်ဘာသံမှမကြားတော့၍ ခရာ ရေချိုးခန်းတံခါးဖွင့်ကာ ခေါင်းလေးထွက်ကြည့်မိတော့ အခန်းထဲမှာ ကိုကြီးမရှိတော့။
ထိုအခါမှ ခရာ သဘက်လေးကိုင်ပြီး ထွက်လာခဲ့ကာ ကိုကြီးထုတ်ပေးခဲ့သောအင်္ကျီကိုကြည့်မိသည်။
ရှပ်လက်ရှည်တွေကိုသာ အမြဲဝတ်တတ်သည့်ကိုကြီးဟာ အခုလည်းရှပ်လက်ရှည်အဖြူကိုပဲ ထုတ်ပေးခဲ့တာမို့ အတွင်းခံကမဝတ်လို့မရ။

သူ့ရှေ့မှာလည်း ဒီအတိုင်းမနေရဲတာမို့ ကိုယ့်Underwearတွေပဲပြန်ဝတ်လိုက်ကာ ကိုကြီးအင်္ကျီကိုကောက်ဝတ်လိုက်သည်။
ဆံပင်တွေကိုတော့ ဒီအတိုင်းပဲထားလိုက်ကာ အခန်းအပြင်ထွက်လာခဲ့ရင်း ရှည်လွန်းသောအင်္ကျီလက်ကို ခေါက်တင်နေမိသည်။

"မင်းနဲ့လိုက်တယ်"

ခရာ့ကိုကြည့်ပြီး ကိုကြီးပြောလာတော့ နည်းနည်းရှက်သွားမိ၍ ခေါင်းလေးငုံ့ကာ ကိုကြီးအနားလျှောက်လာခဲ့သည်။
သူကတော့ပြုံးစိစိနှင့် ခရာ့ပခုံးလေးကိုဖက်ကာ ထမင်းစား စားပွဲမှာထိုင်ခိုင်းပြီး ထမင်းထည့်ထားသော ပန်းကန်လုံးလေးကို ရှေ့တိုးပေးသည်။

PlayersWhere stories live. Discover now