32

4.6K 288 18
                                    

💛 Players ( Part - 32 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်း ဘယ်တွေသွားနေတာလဲ ခရာ"

တစ်ယောက်တည်းစိတ်လေနေချိန် တိုက်ခန်းရှေ့ရောက်နေသည့် ကိုစည်းကိုမြင်လိုက်ရကာ ခရာဘာမှမပြောရသေးခင် မေးခွန်းတွေထွက်လာ၏။
စကားလည်းပြန်မပြောချင်၍ ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး အခန်းတံခါးကိုသော့ဖွင့်ကာ ဝင်လာခဲ့တော့ ကိုစည်းက ခရာ့နောက်မှကပ်ပါလာသည်။

"သွေးက ဒီမှာ တစ်ပတ်လောက်နေမယ်လို့ပြောတယ် ပြီးတော့ မင်းအိမ်ပြောင်းချင်တယ်လို့ သူ့ကိုပြောထားတယ်ဆို ငါ့ကိုသူလွှတ်လိုက်တယ် ဘာလုပ်ပေးဖို့လိုသေးလဲ"

"မရာပြန်လာရင် အဲ့ဒီအိမ်မှာသွားနေမှာ ပစ္စည်းတွေကိုအကုန်သိမ်းသွားမှာရယ် ခရာလည်း သူပြန်တာနဲ့Singaporeကိုပြန်မယ်"

"လည်ပင်းက ဘာဖြစ်တာလဲ"

အမြင်စူးသောကိုစည်းရဲ့မေးခွန်းကြောင့် ခရာ ဘာဖြေရမှန်းမသိဘဲ အမှန်အတိုင်းလည်းပြောပြချင်သောကြောင့် Plasterကိုခွာပြလိုက်သည်။
ညိုမဲနေပြီဖြစ်သော Markingရာလေးကို ကိုစည်းကမယုံနိုင်သလိုအကြည့်တွေဖြင့် ခရာ့အနားကပ်လာကာ သေသေချာချာငုံ့ကြည့်ပြန်သည်။

"မင်း တကယ်ပဲ တန်ခိုးနဲ့.."

"ဒီလောက်ဆိုရပြီမဟုတ်လား"

ခရာ့လေသံတိုးတိုးကြောင့် ကိုစည်းရဲ့အကဲခတ်သလိုအကြည့်က ခရာ့မျက်နှာပေါ်ဖြတ်ပြေးသွားကာ ခရာ့အတွက် စိုးရိမ်သွားပုံကို အထင်းသားမြင်လိုက်ရ၏။
ခရာ့ကိုစိတ်မယိုင်ကြဖို့ အားလုံးကပြောနေကြသည့်တိုင် တန်ခိုးဆိုသည့်လူရဲ့ ဆွဲညှို့မှုတွေကြောင့် အရင်ကလည်းရင်ခုန်ခဲ့သည်။
ခုဆိုပိုပြီးရင်းနှီးလာသည့် အခြေအနေမှာ ခရာ့အပေါ် ပိုင်စိုးပိုင်နင်းဆန်လာသောကိုကြီးကြောင့် ရှေ့ဆက်စိတ်မယိုင်ဖို့ ခရာအားတင်းနိုင်ပါ့မလား...

"မင်း ယိုင်သွားလို့မရဘူးနော် အက္ခရာ"

"ကိုစည်း ခရာ့ကိုမတားပါနဲ့လား တားထားရင်ပိုလုပ်ချင်လို့ပါ အဟွန်း!.. ပြီးတော့ ခရာအလုပ်ထွက်တော့မယ်"

PlayersWhere stories live. Discover now